part 11💙

798 20 1
                                    

ဝရံတာမှာထွက်ပီး ညနေက မသွားဖြစ်တဲ့အလုပ်ကိစ္စကို ပြန်လုပ်နေရင်း အတွေးတွေကဘာရယ်မသိတွေးမိရင်း စိတ်ထဲမကောင်းတဲ့ခံစားချက်ကချက်ချင်းဆိုသလို ဖုန်းထုတ်လိုက်ပီးနံပါတ်တစ်ခုကိုနှိပ်လိုက်တယ်

"တီ...တီ...."
"ဟလို အမိန့်ရှိပါ "
"ဟို အန်ကယ်လား ကျတော်ပါ"
"ဟေ မောင်နေ့စွဲလား"
"ဟုတ်တယ်အန်ကယ် အလုပ်တွေမအားတာနဲ့ ခုမှဆက်သွယ်ရတာ "
"ဟုတ်တယ်ကွယ် အန်ကယါတို့လဲ အပူတွေများနေတာနဲ့ သိပ်မဆက်သွယ်မိဘူး "
"ဒါနဲ့ အန်ကယ့်တူမအကြောင်းတစ်ခုခုထူးခြားတာရှိလား ကျတော်လဲ ဘာသတင်းမှမရဘူး"
"ဟုတ်သား မောင်နေ့စွဲကို ပြောဖို့မေ့နေတာ နေ့လည်က ညီမလေးဖုန်းဆက်တယ် သမီးလေးကို တောင်ကြီးဘက်မှာတွေ့တယ်တဲ့ ဒါမယ့် မသိဘူးပြောနေလို့ စိတ်ဆင်းရဲနေတယ်"

သူ့စိတ်ထဲလေးနေသည်ကသူစိုးရိမ်နေသလိုပင်ဖြစ်လာပီ
ဒါကိုသူမကဘာလို့အမှန်တိုင်းမပြောတာလဲ သူ့ကိုထားပီးအတိတ်ကိုသတိရဖို့သူမကြိုးပမ်းနေပီလား ဘယ်နည်းနဲ့မှသူလက်မလွှတ်နိုင် အရယူထားပီးမှ လွယ်လွယ်နဲ့ဒီလိုတွေအဖြစါမခံနိုင်

"ဘယ်လိုတွေ့‌တာတဲ့လဲ ချာတိတ်ကရောဘာပြောလဲ"
"သမီးကတော့ အန်ကယ်ထင်သလို accident ‌ကြောင့်အတိတ်မေ့တာဖြစ်မယ် ဒါကြောင့် သူ့အမေကိုမသိတာ
ဈေးဝယ်ထွက်ရင်းတွေ့တာတဲ့ လောလောဆယ် အန်ကယ်တို့လဲ တောင်ကြီးထွက်လာဖို့ပြင်နေတယ် သမီးလေးဖုန်းနံပါတ်ပေးခဲ့တယ်ပြောတယ် အန်ကယ်တို့ရောက်မှဆက်သွယ်ကြည့်ပီး သမီးလေးဆီသွားမယ် "
"........"

သူဘာမှမပြောနိုင် ရင်ဘက်ထဲတင်းကြပ်နေခြင်းက ပေါက်ကွဲထွက်ချင်နေတယ်။ သူမကိုအပြင်ထွက်ခွင့်ပေးခဲ့မိတဲ့ကိုယ့်အမှားပဲလား။

"ဟုတ်ကဲ့အန်ကယ် ကျတော်လဲ အားတာနဲ့လာခဲ့မယ် လောလောဆယ်တော့အရေးကြီးတဲ့ကိစ္စလေးလုပ်ဖို့ရှိနေသေးလို့ "

"အင်းပါကွယ် အန်ကယ်တို့သိပါတယ် မောင်နေ့စွဲက မိနစ်တိုင်းမှာ‌ောတင်မအားလပ်တာကို အန်ကယ်လဲအကြောင်းထူးတာနဲါ ဆက်သွယ်မယ်"

"ဟုတ်ကဲ့အန်ကယ် "

ဖုန်းချပီးတာနဲ့ ခြေလှမ်းတို့က အိပ်ခန်းထဲဆီသို့

မင်းမချစ်ရင်💙Where stories live. Discover now