Part 2💙

1.2K 21 0
                                    

"Boss အောက်မှာ မီဒီယာသမားတွေရောက်နေတယ် Mr.Albalt နဲ့ လုပ်ငန်းစာချုပ်ချုပ်မယ့်အကြောင်းသိထားလို့ရောက်လာကြတာထင်တယ်"
"ထားလိုက် ငါ့ပါးစပ်က ဘာမှထွက်မလာပဲ ဘာသတင်းမှရေးလို့မရဘူး စာချုပ်က မချုပ်ရသေးဘူး သူတို့မေးတာတွေဖြေနေရအောင် အချိန်တွေပေါ‌များနေတာမဟုတ်ဘူး "
"ဟုတ်ကဲ့ Boss ဒါဆို ခ‌နနေ အပြင်သွားဖို့ ဘယ်လိုလုပ်ထားရမလဲ"
"လမ်းရှင်းထားလိုက် ပြင်ဦးလွင်သွားမယ့်ကိစ္စ နှောင့်နေးနေလို့မဖြစ်ဘူး "
"ဟုတ် Boss"
.
.ပေါ်တီအောက်ကို နီညိုရောင် ကားတစ်စီးထိုးရပ်လိုက်တယ်
ဒီနေ့ ဉီးဖေတို့လာမယ်ပြောထားလို့ ရွက်ဝါနဲ့အမေ မနက်တည်းက ပြင်ဆင်နေတာ ခုထိမအားနိုင်သေး ကားသံကြားတော့ အမေ ပေါ်တီအောက်ထိဆင်းသွားပီး
"ကိုကြီးတို့ လာပီလား .ဘယ်နှယ့်လုပ် ကိုယ်တိုင်မောင်လာတာတုန်း"
"အင်းကွယ် Driver စိုးမင်းက မအားတာနဲ့ ကိုကြီးတို့ဘာသာမောင်းလာလိုက်တာ တစ်လှည့်ဆီဆိုတော့ သိပ်မပင်ပန်းပါဘူး "
"လာလာ အထဲဝင်အုံး ပေးပေး အဲ့အိတ် ခင်ခင့်ကိုပေး"
"နေနေညီမလေး လေးပါတယ် ကိုကြီးတို့နိုင်ပါတယ်"

"ဦးဖေ ဦးနေ...."
မီးဖိုခန်းထဲကပြေးပြေးလွှားလွှားရောက်လာတဲ့ တူမလေးကိုကြည့်ရင် ကြည့်နူးရိပ်တွေနဲ့ ကြည့်မိကြရင်း
"လာပါအုံး ညဉ်းလေးကိုလွမ်းလို့ ရန်ကုန်ထိ‌တကူးတကလာရတာ "
ပြောပြောဆိုဆို ဦးလေးတွေကြားထဲ ဝင်ထိုင်လိုက်ပီး
"ဒါတို့ အလုပ်ကိစ္စမပါပဲ သက်သက်ကြီးလာတာပေါ့လေ "
"ဆိုပါတော့ ရက်တွေအကြာကြီးတော့ မနေတော့ဘူး
ပြင်ဦးလွင်မှာ အလုပ်ကိစ္စချိန်းထားတာ အစကတော့ လကုန်ခါနီးမှ အခုမှ မောင်နေ့စွဲက သူ့ Company ကိစ္စနဲ့ နိုင်ငံခြားသွားစရာလေးပေါ်လာလို့တဲ့ဆိုပီး ရက်ရှေ့တိုးလိုက်လို့ ဦးဖေတို့ ၃ရက်လောက်ပဲနေဖြစ်မှာ"
"ဦးဖေတို့ကလည်း နေမယ့်နေ ၁၅ရက်လောက်တော့နေပေါ့ အဲ့တာမှ ရွက်ဝါလိုချင်တာတွေ ဝယ်ခိုင်းပီး အပြင်လျှောက်သွားချိန်ပိုရမှာပေါ့လို့"
"ဪ ဟဲ့ သမီးရယ် ဘယ်လို..."
"ရတယ်ခင်ခင် ပြောပါစေ သမီး‌ဝါလေး ကြိုက်တာပြော မပြန်ခင် အာလုံးဖြစ်နေရမယ်ဗျာ "
"ဟဲဟဲ ဒါမှဒို့ဦးဖေကွ"
ဦးဖေကတော့ အသက် ၅၁နှစ် ဦးနေကတော့ ၅၀
မေမေကတော့ ခုမှ ၄၄နှစ်ရယ်ပါ မောင်နှမသုံးယောက်တည်းမှာ မေမေကို ဦးဖေတို့က ညီမလေးဖြစ်သူ ‌ကို အရမ်းချစ်ကြတယ် နှစ်ယောက်လုံးက လူပျိုကြီးတွေဖြစ်နေကြပီး ဒီညီမလေးကမွေးထားတဲ့ တစ်ဦးတည်းသော သမီးလေးကို တုန်နေအောင်ချစ်ကြပါတယ် မချစ်ပဲလဲမနေနိုင်ဘူးလေ ဒီအချွဲလေးက မချစ်ပဲမနေနိုင်အောင်ကို ချွဲတတ်တာကို
"အမေ့ "
"ဟင် ဘာပြောမလို့လဲသမီး "
"ဒီနေ့ ကျောင်းကို သမီးဘာသာပဲသွားမလို့လေ အဲ့တာ ပြောမလို့"
"ဘာလို့တုန်းသမီးရဲ့ ကျောင်းနဲ့က ဝေးပါတယ်ဆို bus car တော့ တိုးမစီးနဲ့ အိမ်ကကားနဲ့ပဲသွားပါအေ ကားတိုးစီးတာကိုလည်း စိတ်မချပါဘူး"
"အမေကလည်း တစ်ခါတစ်လေပဲဟာ ဘာမှဖြစ်ပါဘူး"
"မရဘူးသမီးလေး.."
"ကိုကြီး..."
ဦးဖေနဲ့ဦးနေက အပေါ်ထပ်ကဆင်းလာပီး အမေနဲ့ ရွက်ဝါထိုင်နေတဲ့ မျက်နှာချင်းဆိုင် ဆိုဖာမှာဝင်ထိုင်ရင်း
"ဒီလောက်ကားတွေကြပ် ခါးပိုက်နှိုက်တွေပေါနဲ့ကွယ် ကားတိုးစီးလို့မဖြစ်ပါဘူး Driver နဲ့မစီးချင်ရင် ဦးနေနဲ့သွား"
"ဦးဖေကလည်း ဒီနေ့က ရုံတင်နေတဲ့သရဲကားဝင်ကြည့်ချင်လို့ပါ အပြန်ကျ စောင့်နေရင်ကြာမှာစိုးလို့"
"ရတယ် အခု လိုက်ပို့မယ် ကျောင်းဆင်းတာနဲ့ လာကြိုပီးရုပ်ရှင်ရုံကိုပို့ပေးမယ် ရုပ်ရှင်ပီးရင်ဖုန်းဆက်လိုက် လာကြိုမယ်"
"ဦးဖေကလည်း ..."
"ဒီကလေးတော့ ဘာလဲ ဦး‌နေပို့တာမကြိုက်ဘူးလား"
"ဟာ ဦးနေကလည်း ဘယ်ကသာ ပို့ပို့အဲ့တာဆိုလည်း ရုပ်ရှင်ကြည့်ပီးရင်လည်း ရွက်ဝါကြိုက်တာ လိုက်ဝယ်ပေးရမှာနော်"
"သဘောပါဗျာ ..."
.
.
ကျောင်းဝန်းထဲရောက်တော့
"ရွက်ဝါ .."
"ဟင် ဘာလဲ "
"ဒီနေ့ကျောင်းကို ဘယ်သူလာမယ်ထင်လဲ"
"ဘယ်သိမလဲဟယ် ကျောင်းကို ကျောင်းသားနဲ့ ဆရာ/ဆရာမတွေပဲလာမှာပေါ့ဟဲ့ ထူးထူးဆန်းဆန်းလုပ်လို့"
"နင်ကလည်း ထူးဆန်းလို့ပြောတာပေါ့ဟဲ့"
မိဆူးက ကြားထဲက ဝင်ထောက်ခံရင်း
"ဘာထူးဆန်ူတာလဲ ပြောပါအုံး"
"ဒီနေ့ ကျောင်းအုပ်ကြီးရဲ့သမီး နှင်းဆီနီ ဆိုတဲ့တစ်ယောက် လာမှာတဲ့ဟ"
"နှင်းဆီနီ ဟုတ်လား"
"ဟုတ်တယ် ကျောင်းဆောင်သစ်ထပ်တိုးဖို့ကိစ္စနဲ့ ဒီ့နေ့ ဆွေးနွေးပွဲရှိတယ်လေ အဲ့တာလာကြမှာတဲ့"
"အဲ့တာများ အထူးအဆန်းလုပ်လို့ဟယ် "
"ဒါတင်ဘယ်ကမလဲဟဲ့ သူနဲ့စေ့စပ်ထားတဲ့ နိုင်ငံကျော်စီးပွားရေးမှာ သိပ်တော်တဲ့ ဦးဂုဏ် ဆိုလား ပါမှာတဲ့"
"ဦဂုဏ် .."
"အင်း နာမည်အပြည့်စုံက ဘာတဲ့..."
မိဆူးက ဝင်ထောက်ရင်း
"ဂုဏ်သိဒ္ဓိတဲ့ သိပ်တင်စီးလွန်းတဲ့နာမည်ပဲ"
"ဂုဏ်သိဒ္ဓိ.."
ရွက်ဝါ အဲ့နာမည်ကို ရွေရွတ်ရင်း
"အဲ့တာဘာဖြစ်လဲဟယ် ငါတို့နဲ့မှမဆိုင်တာ သူတို့ဘာသာ လာလာမလာလာပေါ့"
"အမယ် ကြီးတော်မရယ် မမြင်ဖူ‌ေးသးလို့ပါ မနှင်းဆီကလည်း အရမ်းလှတာတဲ့ အဲ့ဦးဂုဏ်ဆိုတဲ့သူကလည်း အရမ်းsmart ကျပီး အရမ်းချောတာတဲ့ဟ"
"အင်း ငါလည်းကြားဖူးတယ် အရပ်က၆ပေနီးပါးလောက်ထိရှည်တာတဲ့ Body ကလည်း တောင့်တင်းနေတာ့ပဲတဲ့ နှုတ်ခမ်းမွှေးစိမ်းစိမ်းလေးတွေနဲ့ နှုတ်ခမ်းလေးတွေဆို ရဲတွတ်ပီး စိုအိနေတာပဲတဲ့ဟယ် "
"ဒါတင်ဘယ်ကမလဲ မာနကလည်းကြီးတယ်တဲ့ သူ့ကို interview ဖို့ဆို ရက်ချိန်းကြိုမယူပဲ ဘယ်မီဒီယာကိုမှ လက်မခံဘူးတဲ့"
"တော်ပါဟယ် အရေမရအဖက်မရတွေ သူတို့အဲ့လိုနာမည်ကြီးတော့ရော ငါတို့အတွက်ဘာရလဲ အလကား မိန်းမတွေနော် ကြားဖူးရုံနဲ့ နှာဘူးကျမနေနဲ့ သူ့မှာမကြာခင်မိန်းမတော်ရမယ့်သူလည်းရှိပီးသား"
"ဟဲဟဲ နှာဘူးကျတာတော့မဟုတ်ပါဘူးဟယ် လူတွေပါးစပ်ဖျားမှာ နာမည်ကြီးလွန်းနေလို့ မြင်ဖူချင်ရုံပါ"
"ထားလိုက်တော့ လာ ကန်တင်းကိုမုန့်သွားစားမယ် မုန့်စားမှ ဗိုက်ပြည့်မှာ သူတို့အကြောင်းပြောလို့ဗိုက်မပြည့်ဘူး သိထား"
.
.
"ကို...."
"အင်း ပြောလေ"
"ကိုကလည်း ရယ်ရယ်မောမောလည်းမရှိဘူး ကျောင်းထဲပဲဝင်ရတော့မယ် နည်းနည်းပါးပါးပြုံးပါအုံးလို့"
လူရှုပ်ရှုပ်ရှပ်ရှပ်ကို သူမကြိုက်ပါ ကိုယ်တိုင်ကလည်း ဒီလိုနေရာတွေဆိုရှောင်ခဲ့တာ ကိစ္စမရှိပဲ အပြင်မသွားချင် Company နဲ့အိမ် ခရီးသွားဘာညာလောက်ပဲသူလုပ်တာ ဒီလို ဟန်ဆောင်ပြုံးပီး လူအများရှေ့ထွက်ဖို့ သူစိတ်မပါပေ
"မေမေပြောလို့ ကိုယ် ဒီထိလိုက်ခဲ့တာ နှင်းဆီ တကယ်ဆို ဒီနေ့ ရုံးမှာ meeting ရှိတယ် အဲ့တာကို နောက်ဆုတ်ပီး မင်းနဲ့အတူလိုက်ခဲ့တာ ကိုယ်အတွက် ဒီလိုနေရာတွေက အဆင်မပြေတာကို သိမှာပါ"
"အင်းပါကိုရယ် ဒီတစ်ခါပါပဲ နောက်ဆို ကိုခွင့်မပြုပဲ
အန်တီ့ဆီကိုအပူမကပ်တော့ပါဘူး ဒီနေ့ကလည်း ကို့ကို တွေ့ချင်တဲ့သူတွေ မေးနေတဲ့သူတွေများလို့ပါ နီလည်း ကို့ကို ထုတ်ကြွားချင်လို့ပါ"
"ထားပါ...မင်းအဆင်ပြေရင်ပီးတာပါပဲ ကိုယ်ကတော့ စကားအများကြီးမပြောတတ်တာ သိတယ်မလား"
"ဟုတ်ပါပီကိုရယ် အဲ့တာလေးကိုပဲ ဒီက ချစ်နေရတာလေ "
နှင်းဆီ ရှက်ပြုံးလေးနဲ့သူ့ကိုကြည့်တော့ သူပြန်ကြည့်ပီး ပြုံးပြတယ် တကယ်ပါ ကျောင်းတူတူတက်ခဲ့တုန်းကလည်း ဂုဏ့်ကိုတစ်ဖက်သက်ကြိုက်ခဲ့တာကိုယ်ပဲ ကျောင်းနေဖက်သူငယ်ချင်းသံယောဇဉ်နဲ့ ဂုဏ်က တစ်ကျောင်းလုံးမှာ သူစကားပြော တရင်းတနှီးရှိတဲ့ မိန်းကလေးဆိုလို့ နီတစ်ယောက်တည်းရယ် ကျောင်းတွေပီးလို့ အလုပ်ခွင်ထဲရောက်တော့လည်း မေမေတို့ကိုပူဆာပီး စေ့စပ်ဖို့ထိ လုပ်ဖြစ်ခဲ့တာ ဂုဏ်ကလည်း မငြင်းခဲ့ပါဘူး မိဘချင်းတွေကအရမ်းရင်းနှီးကျတော့ သိပ်တော့မခက်ခဲခဲ့ပေ ဒါပေမယ့် ဂုဏ်ထံက ချစ်ပါတယ် သဘောကျပါတယ်လို့ တစ်ခါမှကို မကြားဖူးခဲ့ပါဘူး ဟုတ်မှာပါလေ အဲ့တာကလည်း ဂုဏ်ရဲ့ Style ပဲလေ
.
.
ဆွေးနွေးပွဲမပီးခင်ပဲ ခေါင်းမူးလာလို့ အပြင်ကိုထွက်လာခဲ့လိုက်တယ် ဒီရက်ထဲအလုပ်ကိစ္စတွေနဲ့အတော်လေး ပင်ပန်းနေခဲ့တာ ကျောင်း Hall room ရဲ့ဝရံတာကနေ လျှောက်လာခဲ့လိုက်ပီး ကန်တင်းဘက်ကို မျက်လုံးအရောက်
နီညိုရောင် တီရှပ်ပွပွကို ကိုယ်ကျပ်ဂျင်းပြာ ဘောင်းဘီရှည်လေးနဲ့တွဲဝတ်ပီး ခါးလယ်ထိရှည်တဲ့ ဆံပင်တွေကို ဒီတိုင်းဖြန့်ချထားတယ် ဖြူဝင်းနေတဲ့အသားရောင်က အဝေးကမြင်ရတာတောင် ကြည်လင်နေတယ် ဘာရယ်မဟုတ်ပဲနဲ့ အကြည့်တွေက သူမလေးဆီမှာကပ်ငြိတွယ်ရင်း
"ရွက်ဝါ."
"ဟင် ဘာလဲ "
"ညနေ ကျောင်းဆင်းလို့ရုပ်ရှင်ကြည့်ပီးရင် နင့်ဦးလေးတွေနဲ့ shopping ထွက်အုံးမှာလား "
"အင်းလေ ဘာလို့လဲ"
"ဒါဆိုငါတို့က ဘယ်လိုပြန်ရမှာလဲ "
"လိုက်ခဲ့ပေါ့ဟဲ့ ဦးနေက နင်တို့ကိုလည်းလက်ဆောင်ဝယ်ပေးမှာတဲ့ မနက်တည်းကပြောထားတာ လိုက်ခဲ့ရမယ်"
"တကယ်လား ပွတာပဲဟေ "
"မိန်းမတွေနော် မပြောလိုက်ချင်ဘူး"
ခိုးခိုးခစ်ခစ်နဲ့ ရယ်မိကြတော့ ကိုယ်ပါ မသိမသာလေးပြုံးမိသွားတာ ဘေးတစောင်းလေးမြင်နေရတဲ့ နှာတံချွန်ကော့ကော့လေးနဲ့ ဆူထွေးအိစက်နေတဲ့ နှုတ်ခမ်းလေးတွေက ရှည်လားကော့ပြန်နေတဲ့ မျက်တောင်လေးတွေနဲ့ပေါင်စပ်လိုက်တော့ နှစ်ခါပြန်ငေးရလောက်တဲ့ သူမလေး နှုတ်ခမ်းတွေ သူ့အလိုလိုပင်ပြုံးမိလျက်သားနဲ့
သတိပြန်ဝင်လာတော့
"ထပ်ဖြစ်ပြန်ပီ ဒီအပြုံး "
မကျေမနပ်ရေရွတ်ရင်း လှည့်ထွက်လာခဲ့ပီး ကားပါကင်ထိုးထားတဲ့နေရာအရောက်
"ဟေ့ ဒီမှာ ဘာလုပ်နေကြတာလဲ "
သူအော်လိုက်တော့
"အမလေး လန့်လိုက်တာ "
သူခိုးလူမိသလိုဖြစ်သွားတော့ ၃ ယောက်သား လန့်ဖြန့်အော်မိကြရင်း ခေါ်သံကြားတဲ့ဘက်ကိုလှည့်ကြည့်လိုက်တော့
"ဟင်"
"အယ်"
ဟိုနှစ်ယောက်ဆီက အသံကိုယ်စီထွက်လာပေမယ့် ရွက်ဝါကတော့
"ဘာလဲ အဲ့လောက်အော်ခေါ်နေတာက နားလေးတွေမဟုတ်ဘူး "
သူကြည့်မိလိုက်တော့ စောစောက သူမလေး ဟုတ်တယ် သူမလေးပဲ
"ကိုယ်ကမအော်ပါဘူး မင်းတို့ဘာသာ မလုံမလဲကြောက်လန့်ပီး ထအော်တာ "
"အဲ့တာကတော့ ဒီကဟိုဘက်ကိုစိတ်ရောက်နေတာကို ရှင်ကြီးက ရုတ်တရက်ခေါ်တော့ လန့်သွာားတာပေါ့"
"ထားပါ အဲ့တာဆို ကားထဲဝင်မလို့ ဘေးဖယ်"
"အောင်မယ်...ဖယ်မှာပါ ဒီကရော ရှင့်ကားနားနေချင်တယ်ထင်နေလို့လား ဝေးသေးတယ် ဟွန့်"
ခပ်စွာစွာပြောပီး ကားဘေးကနေ ဟိုဘက်ကို ၄.၅လှမ်းလောက်လျှောက်သွားလိုက်ပီးမှ
"အခုတလောလဲ ဖုန်းသရဲနဲ့တွေ့လိုက် လူသရဲနဲ့တွေ့လိုက်နဲ့ ကံနိမ့်နေတယ်ထင်တယ် အိမ်ကျမှ ပရိတ်ရေနဲ့ ရေလောင်းချိူးပစ်ရမယ်"
ပြောပီး ခြေလေးစောင့်ပီးထွက်သွားတဲ့ကျောပြင်လေးကိုကြည့်ရင်း နှုတ်ခမ်းကိုမသိမသာလေးမဲ့ပစ်လိုက်မိတယ်
ဖုန်းသရဲကတော့ထာားပါ လူသရဲဆိုတာက က်ုယ့်ကိုပြောလိုက်တာလား ဒီကလေးမကွာ ထပ်ပြုံးမိပြန်ပီ ကားထဲ
ဝင်ထိုင်ပီး စိတ်ထဲကပြောနေမိတယ် ဘယ်လိုလေးတုန်း စွာလိုက်တဲ့ကလေးမ.
.
.
.

မင်းမချစ်ရင်💙Where stories live. Discover now