"ဟော သမီးတောင်ပြန်လာပီ "
"ဟုတ်ကဲ့"
"မောင်နေ့စွဲဖုန်းဆက်တယ်"
"ရှင် ...သူဘာပြောလဲအမေ ဟို ဒီနေ့က"
"သူဖုန်းလှမ်းဆက်တာက ဒီနေ့အရေးကြီး meeting ရှိလို့တဲ့ အဲ့တာ နောက်မှ အေးဆေးအိမ်လာတွေ့ပါအုံးမယ်တဲ့ "
"အဲ့တာကလေ ဟို ...သူက ဒီနေ့လာတယ်လို့ပြောလားဟင်"
"အဲ့တာတော့မပြောသွားဘူး သမီးတို့ချင်းမတွေ့ကြဘူးလား"
"မဟုတ်ပါဘူးအမေ အဲ့တာဆို သမီး နားတော့မယ်နော်"
"အေးအေး သမီး နားတော့လေ"
အပေါ်ထပ်အခန်းထဲရောက်တော့ အိပ်ယာထဲလှဲပီး အတွေးတွေကိုအလုပ်ပေးမိတယ် နေ့လည်က ရောက်လာတာက သူလား ဒါမှမဟုတ် မလာခဲ့ဘူးလား လာတယ်ဆိုရင် တွေ့ခဲ့တာက ဂုဏ်ဆိုတဲ့သူ အမေတို့ဦးနေတို့ပြောသလိုလည်းမဟုတ်ဘူး နာမည်လည်းမတူဘူး ပီးတော့ သူ့မှာက လက်ထပ်မယ့်သူရှိပီးသား ဒါဆို နေ့လည်က သူမလာနိုင်လို့ အိမ်ကိုဖုန်းဆက်ပီး နောက်မှထပ်တွေ့ဖို့ပြောတာလား
"ဟာ...ခေါင်းကိုက်တယ် ဘာတွေမှန်းကိုမသိတော့ဘူး "
.
.
.
.
.
"ဘာပြောတယ် မေမေ ကိုက ကိုက လက်ထပ်ဖို့ကို ဘာဖြစ်တယ် ""ဟုတ်တယ်သမီး သားဂုဏ်က လက်ထပ်ဖို့ကို ဘာမှရေရေရာရာမပြောသွားဘူး နွယ်တို့ကတော့ သားကိုထပ်ပီးဖြောင်းဖျကြည့်ပါမယ်ပြောပါတယ် "
"စေ့စပ်ထားတာပဲ ၄လလောက်ရှိပီ လက်ထပ်မယ်ဆိုတော့ အခုမှ ကိုက ဘာဖြစ်တာလဲ"
"မေမေတို့အမြင်အရဆိုရင် ဒီကလေးက သမီးအပေါ် စိတ်ဝင်စားမှူသိပ်မရှိဘူး သမီးကိုရော သဘောကျတယ် ချစ်ခွင့်တောင်းတာတွေရော မလုပ်ဘူးလား"
"အဲ့တာတော့ ...ကိုက သူ့style မဟုတ်လို့ပါမေမေ ပါးစပ်ကထုတ်မပြောပေမယ့် သမီးအနားမှာ ရှိနေပေးတယ် ပီးတော့ သမီးကိုလည်း နားလည်ပေးတယ်လေ အဲ့တာတွေက ချစ်လို့ပဲပေါ့"
"မဟုတ်ဘူးသမီး သူနဲ့သမီးက ကျောင်းနေဖက်တွေ ခင်လာတာလည်း နှစ်အကြာကြီး ပီးတော့ မေမေတို့လူကြီးချင်းလည်း ရင်းနှီးနေတော့ သမီးအပေါ်အဲ့သံယောဇဉ်တွေနဲ့ ကြည့်ပေးနေတာ"
YOU ARE READING
မင်းမချစ်ရင်💙
Romance"တစ်ခုခုဆို ငါ့ကိုအရင်ဖုန်းဆက်လိုက် ငါခရီးသွားနေတဲ့အတောတွင်း ဘာကိုမှပြဿနာဖြစ်တယ်လို့မကြားချင်ဘူး " "ဒါနဲ့လေဆရာ....." "တော်လိုက်.....ငါနှစ်ခါမပြောဘူး အဆင်ပြေအောင်လုပ်ရမှာက မင်းတို့အလုပ် နားလည်လား"......(ဂုဏ်သိဒ္ဓိ) "စွာစွာပဲရှင်..ဘာလို့ရှင်တို့ပြောတ...