Part 7💙

924 21 3
                                    

ဆေးရုံးကိုအပြေးအလွှားရောက်လာတော့ စိတ်နဲ့ကိုယ်နဲ့ပင်မကပ်ချင်တော့
အခန်းထဲရောက်တော့

"သမီး ....သမီးလေး"

"ကျမသမီးလေး ကျမသမီးလေးရော ဘယ်မှာလဲဟင် "

"စိတ်အေးအေးထားပါညီမလေးရယ် "

"Express car accident နဲ့ရောက်လာတဲ့လူနာကိုပြောတာပါ နာမည်က ရွက်ဝါပန်းပါ အန်ကယ်တို့ တူမလေးပါ"

"ဒီမှာ အဲ့နာမည်‌နဲ့လူနာတော့မရှိပါဘူးရှင့် "

"ဟင် ဘယ်လို ကျမ ကျမသမီးလေး"

ရွှေရည်တို့ နှစ်ယောက်ကတော့ ဆေးရံုမှာရှိနေပေမယ့် သမီးလေးက‌ဘယ်ကိုရောက်သွားတာလဲ ဘုရား ဘုရား သမီးလေးဘာမှမဖြစ်ပါစေနဲ့
ခနအကြာ ရွှေရည်တို့သတိရလာတော့

"သမီး ဘယ်လိုနေသေးလဲဟင် သက်သာရဲ့လား "

အမေတွေက ကိုယ်စီသမီးတွေနားမှာရှိနေကြပေမယ့် သူမကတော့ဖြင့်

"သမီးရွှေရည် အန်တီ့သမီးလေးရောဟင် "

"ဟင် ရွက်ဝါက ဒီမှာမဟုတ်ဘူးလား သမီးတို့စီးလာတဲ့ကား ဘီးလျှော်ပီး accident ဖြစ်သွားတာ ရွက်ဝါက ကားစီးတည်းကမူးလို့ဆိုပီး အိပ်ပီးလိုက်လာခဲ့တာ accident ဖြစ်တော့ သမီးတို့လည်းဘာမှမသိတော့ဘူး "

"ဘယ်လို ...ဒါဆို ဒါဆို သမီးလေးက ."

စကားတောင်ဆက်မပြောနိုင်ပဲ မူးလဲမလိုဖြစ်သွားတော့ ဘေးနားက ဦးဖေ ဦးနေတို့က လမ်းပွေ့ဖက်ရင်း

"ညီမလေးရယ် စိတ်ထိန်းပါ သမီးလေးဘာမှမဖြစ်ပါဘူး
ကိုကြီးတို့ သေချာ ရှာပါ့မယ် "

"ဟုတ်တယ်ညီမလေး ကိုကြီးတို့က်ုယ်တိုင် သမီးလေးကို ပြန်ခေါ်လာခဲ့မယ်နော် "

.
.
.
"အား.....ကျွတ်ကျွတ် "

နောက်ကျောက အိပ်တာကြာနေလို့လားမသိ အရမ်းညောင်းလာတာနဲ့ တစ်ဖက်လှည့်ဖို့ ပြင်တော့ ဘယ်ဘက် လက်ဖျံရိုးက အသည်းထိအောင် နာကျင်နေတယ်

"သေပါပီ ကျွတ်ကျွတ် "

ထိုအချိန်

"ဘာဖြစ်တာလဲ ချာတိတ် ဘယ်နားနာလို့လဲ ဟမ်"

မင်းမချစ်ရင်💙Where stories live. Discover now