ဒါသဘောလဲ ပြောလေ"
"မေမေတို့ပြောပီးပီမလား နှင်းဆီ မင်း သဘောပေါက်သင့်ပါတယ်"
"သဘောမပေါက်ဘူးကို နီတို့ စေ့စပ်ခဲ့ကြတာလည်း နှစ်ဦးသဘောတူ လ တွေလည်းကြာနေပီ အခု လက်ထပ်မယ်ဆိုကာကျမှ ဘာဖြစ်တာလဲ ကိုရယ်... ကို နောက်နေတာမလားဟင် ဟုတ်တယ်မလားဟင် "
လက်မောင်းတစ်ဖက်ကို ဆွဲပီး ပြောလာတော့
"ဟုတ်တယ် မင်းနဲ့ကိုယ် စေ့စပ်ခဲ့ကြတယ် ဒါပေမယ့် ကိုယ့်ဘက်က မေမေတို့သဘောထားနဲ့ ခင်မင်မှုကြောင့် ဘာကိုမှဝင်မပြောခဲ့တာ စေ့စပ်တာကလည်း တကယ်မချစ်ရင် လက်မထပ်နိုင်ရင် ဖျက်သိမ်းလိုက်လို့ရတာပဲ"
"ကို့....."
ပတ်ဝန်းကျင်လည်းဂရုမစိုက်နိုင်တော့ပဲ သူမ အသားတွေတဆတ်ဆတ်တုန်ကာ မျက်ရည်များပြည့်လျှံနေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်ကာ
"အဲ့လောက်လွယ်သလားဟင် ပြောပါအုံး နီတို့ချစ်ခဲ့ကြတယ်လေ နှစ်ဖက်အသိုင်းဝိုင်းကြားထဲမှာလည်း မသိသူမရှိတော့ဘူး လက်ထပ်ပွဲဖျက်ရလောက်တဲ့ထိ ကို့မှာ ဘာအခက်ခဲရှိနေလဲပြောပါ ချစ်ခဲ့ကြတာပဲ အခုရောနောင်ရော ချစ်နေကြအုံးမှာပဲလေ တစ်ခုခုဖြစ်နေရင် နီ့ကိုပြောပါကိုရယ် တူတူဖြေရှင်းကြမယ်လေ နော်"
"မဟုတ်ဘူး နှင်းဆီ ကိုယ် မင်းကို အဖြူရောင်သံယောဇဉ်ပဲဖြစ်ခဲ့တာ မချစ်ခဲ့ဘူး ပီးတော့ ဘာပြဿနာအကြောင်းမှမရှိဘူး လက်ထပ်ပွဲကို ကိုယ့်ဆန္ဒအရ ဖျက်ချင်တာပဲ"
"မရဘူးကို နီ လက်မခံဘူး အဲ့လိုလုပ်လို့မရဘူး"
"sorry ပါ နှင်းဆီ ကိုယ့်ဘက်က အစောတည်းက ပွင့်လင်းခဲ့သင့်တာပါ"
"ကို.....နေအုံး နေပါအုံး "
ကိုယ်ထွက်သွားတော့ သူမနောက်ကနေ အတင်းလိုက်ဆွဲတယ်
ဘာတွေများဆက်ပြောရအုံးမှာလဲ ဒီထပ်ပိုပြောရင် ပိုနာကျင်တာကို သူမ ခံစားရမှာမဟုတ်ပါလား တောင်းပန်ပါတယ်နှင်းဆီ မင်းက ထာဝရ ကိုယ့်အတွက် အဖြူရောင် သူငယ်ချင်းပါပဲ.
.
.
"သား မင်း မှားတယ်နော် ဖေဖေတို့ကို အရာရောသွင်းရဲ့လားကွ"
YOU ARE READING
မင်းမချစ်ရင်💙
Romans"တစ်ခုခုဆို ငါ့ကိုအရင်ဖုန်းဆက်လိုက် ငါခရီးသွားနေတဲ့အတောတွင်း ဘာကိုမှပြဿနာဖြစ်တယ်လို့မကြားချင်ဘူး " "ဒါနဲ့လေဆရာ....." "တော်လိုက်.....ငါနှစ်ခါမပြောဘူး အဆင်ပြေအောင်လုပ်ရမှာက မင်းတို့အလုပ် နားလည်လား"......(ဂုဏ်သိဒ္ဓိ) "စွာစွာပဲရှင်..ဘာလို့ရှင်တို့ပြောတ...