"လမ်းမှာအစစအရာရာဂရုစိုက်နော်သား"
"ဟုတ်ကဲ့ပါမေမေ ဒါဆိုသားသွားတော့မယ်နော်"
ကားပေါ်တက်ပီး မောင်းထွက်လာတော့ နောက်ကြည့်မှန်လေးထဲကနေ မေမေကိုကြည့်မိတယ် ဒီတစ်ခါ ခရီးသွားတာ
ရန်ပိုင်နဲ့ ကိုယ်ပဲဖြစ်တယ် မသွားမဖြစ်အလုပ်ကိစ္စမလို့ ကိုယ်စားလွှတ်လို့လည်းမရ တကယ်တော့ အတော်ေလးပင်ပန်းနေပီလေ.
.
"သမီး ကျောင်းသွားပီနော်အမေ အန်တီကြည်ကို အမေစားချင်တဲ့ အချဉ်ဟင်း ငါးခြောက်ကြော်လေး ချက်ခိုင်းခဲ့တယ်နော် အစာမလွန်စေနဲ့အုံး ""ဟုတ်ပါပီရှင် သမီးသာ ကျောင်းဆင်းရင် ဘယ်မှမသွားပဲတန်းပြန်လာခဲ့နော်"
"ဟုတ်ကဲ့အမေ"
ဦးဖေတို့ပြန်သွားတာ ၄ရက်ရှိပီ အမေတစ်ယောက်တည်းမလို့ သေချာမှာခဲ့ရသးတယ် ပျင်းနေမှာပဲလို့တော့ တွေးမိသေးတယ် ကျောင်းပိတ်ရက်လည်းအမြန်ရောက်ချင်ပါပီလေ
အမေ့နားမှာအဖော်ပြုပေးချင်မိတယ်
.
.
.
အလုပ်ကိစ္စဆွေးနွေးပီးတော့ တခြားအကြောင်းကိုပြောလာလို့ မျက်ခုံးတစ်ဖက် မသိမသာမြင့်တက်သွားတယ်"Uncle တို့က ဘာကိုပြောချင်တာလဲ "
"မေးချင်တာပါ မောင်နေ့စွဲမှာ ဟို ချစ်သူရည်းစားများရှိနေမလားလို့ပါ"
"ဟက်...ဘယ်လိုထင်လို့လဲ uncle တို့က "
"Uncle တို့အထင်အရဆို မောင်နေ့စွဲ နေပုံထိုင်ပုံ အလုပ်ဘယ်လောက်လုပ်သလဲကိုကြည့်တာနဲ့တင် အဲ့ဘက်မှာ အချိန်မရှိဘူးဆိုတာ သိတယ်လေ"
"အဲ့လောက်လည်းမဟုတ်ပါဘူးဗျာ အခုအမှုကိုလည်း uncle တို့အပ်လို့ရယ်ပဲမဟုတ်ဘူး အစတည်းက ကျတော်စုံစမ်းသိခဲ့ရတာ အခုတော့အထောက်ထားအခိုင်အလုံရသွားတာပေါ့"
"ဘယ်လိုလဲမောင်နေ့စွဲ ဘယ်ကစပြောရမလဲမသိပေမယ့် uncle တို့နဲ့ တူတူလက်တွဲလုပ်လာတာ ကြာပီဆိုတော့ မောင်နေ့စွဲကို သဘောကျတယ် ဘာမှအပြစ်ပြောစရာမရှိအောင်ပြည့်စုံတယ် အခုလည်း အလုပ်ကိစ္စဘေးဖယ်ပီး ပြောစရာလေးရှိနေတယ်"
"စောနမေးတာနဲ့ပက်သက်တာဆို ကျတော့်ဘက်က ဘယ်လိုအခြေအနေမှမရှိပါဘူး "
YOU ARE READING
မင်းမချစ်ရင်💙
Romance"တစ်ခုခုဆို ငါ့ကိုအရင်ဖုန်းဆက်လိုက် ငါခရီးသွားနေတဲ့အတောတွင်း ဘာကိုမှပြဿနာဖြစ်တယ်လို့မကြားချင်ဘူး " "ဒါနဲ့လေဆရာ....." "တော်လိုက်.....ငါနှစ်ခါမပြောဘူး အဆင်ပြေအောင်လုပ်ရမှာက မင်းတို့အလုပ် နားလည်လား"......(ဂုဏ်သိဒ္ဓိ) "စွာစွာပဲရှင်..ဘာလို့ရှင်တို့ပြောတ...