Part 9💙

2K 33 2
                                    

"ဆရာ ဟိုကောင်တွေချိန်းတာကို ဘာလို့လက်ခံလိုက်တာလဲ သူတို့ပိုင်နက်ထဲ ခေါ်တာသိသိကြီးနဲ့"

"ဟက်ကောင် ပါးစပ်ပိတ်ထား ငါဆိုတဲ့ကောင်က ဘာကိုမှ နောက်တွံ့ကြောက်ရွံနေတတ်တဲ့ကောင်မဟုတ်ဘူး သူ့တို့ဘက်က အတိအကျ သက်သေရတာနဲ့ ပွဲကပီးပီ"

"ဒါတော့ဒါပေါ့ဆရာရယ် ဆရာ့အတွက်စိုးရိမ်လို့ပြောတာပါ အခုလာတာ နှစ်ယောက်တည်း ဆရာ့လုံခြုံရေးအတွက် စိတ်ပူမိလို့ပါ"

"ငါကမိန်းမမလို့ မင်းက စိုးရိမ်နေတာလားကွ အရေးမပါတာတွေ ငါစီစဉ်ခိုင်းထားတာ အားလုံး ready ပဲလား"

"ဟုတ်ကဲ့ဆရာ ready ပါပဲ"

ကားက လမ်းကျဉ်းလေးတစ်လျှောက်ကွေ့ဝင်လာခဲ့ပီး အနီရောင် သံတံခါးတွေရှေ့မှာရပ်လိုက်တယ် ဟွန်းတစ်ချက်တီးပီး အသံပေးလိုက်တော့ လူနှစ်ယောက်တံခါးလာဖွင့်တယ်
ကားကို ပေါ်တီအောက်ထိ မောင်းလာခဲ့ပီး

"မင်းနေခဲ့လိုက် ငါ့ဘက်က ဘာမှမပြောသရွေ့ လှုပ်းရှာဖို့မလိုဘူး"

"ဟာ ဆရာကလည်း လိုက်ခဲ့မယ် စိတ်မချပါဘူးဆို"

"ဟက်ကောင် နာချင်တာလားမင်း "

လက်သီးနဲ့မျက်နှာနားထိ ရွယ်လိုက်တော့ ကိုယ်လေးကျုံ့ပီး

"အဟဲ ဟုတ်ကဲ့ပါ "

ကားပေါ်ကဆင်းပီး တိုက်ထဲဝင်လိုက်တော့ အစောင့်တွေပြည့်နေတဲ့ ဧည့်ခန်းစတီပေါ်မှာ ဆေးလိပ်ထိုင်သောက်နေတဲ့ သူက ထလာပီး

"ဂုဏ် ရောက်လာပီလား လာထိုင် ဟေ့ကောင်‌တွေလမ်းဖယ်ကြစမ်း"

ပိတ်ရပ်နေကြတဲ့ သူ့လူတွေကို ခပ်မာမာအမိန့်ပေးလိုက်တော့ ရှေ့ကနေဖယ်ပေးလိုက်ကြပီး

"အဟင်း ခင်ဗျားကြိုဆိုပုံက စိတ်တိုင်းကျချင်စရာပဲနော် "

"စိတ်မရှိပါနဲ့ဂုဏ်ရာ ငါပီးမှ သေချာဆုံးမပစ်မယ်"

မျက်နှာချင်းဆိုငါ စတီမှာဝင်ထိုင်ပီး ခြေထောက်ချိတ်ထိုင်ကာ

"‌အလုပ်ကိစ္စပြောလို့ရပီ "

"ငါ့ဘက်က ပစ္စည်းကတော့ အရည်အသွေးရှယ်ကောင်းပဲ မင်းလိုချင်တဲ့ပစ္စည်းမျိုးပဲ "

မင်းမချစ်ရင်💙Where stories live. Discover now