Part 4💙

865 19 0
                                    

"ရွက်ဝါရယ် နေကပူပါတယ်ဆို ဝင်မနေတော့ပါနဲ့ဟယ် "

"အေးလေ နင့်အိမ်မှာလည်း ရေခဲသေတ္တာထဲမှာအပြည့်ရှိနေတာပဲဟာကို"

"တူမလားဟယ် နင်တို့ကလည်း အမေက ဒီလိုစပ်တာတွေပူလွန်းတာတွေပေးမစားဘူးဟ အပြင်ရောက်တုန်းလေးစားရတာ"

"ခုဟာက နေလဲပူနေလို့ပြောတာပါ"

"ဘာလဲနင်တို့က မလိုက်ချင်ဘူးလား ပြန်ချင်ပြန်နော် ရွက်ဝါတို့က ဆွဲမထားတတ်ဘူး "

"နင်ကလည်းဟာ နင့်စိတ်မချလို့ပေါ့ မပြန်ဘူး စားစား လိုက်ခဲ့မယ် "

"ဟွန့် စားချင်ရင်စားချင်တယ်ပေါ့ မိန်းမတွေနော် မပြောလိုက်ချင်ဘူး "

နှုတ်ခမ်းလေးတစ်ချက်မဲ့လိုက်ပီး မျက်စောင်းလှလှလေးပါထိုးပစ်လိုက်တယ်

"အန်တီ ဒီဟာလေးနော် အဲ့ဟာလေးကိုသုပ်ပေး စပ်စပ်လေးနော် "

"ယွန်းကိုလည်း ဒါလေးလုပ်ပေးနော်"

"အယ် ဒါက တစ်ပွဲစာပဲရတော့မှာ"

"ဟာ အန်တီနော် ရွက်ဝါအရင်မှာတာ ရွက်ဝါကိုပဲပြင်ပေး"

"ဘယ်ရမလဲ ဒို့လည်းစားချင်လို့ အ‌မှီလာဝယ်တာ ပီးတော့ ဒို့ကနေ့တိုင်းလာစားနေကြ"

"အို စားစားမစားစားပေါ့ ဒီနေ့က ရွက်ဝါအရင်ရောက်ပီး အရင်မှာတာ "

ထိုစဉ် ဘေးနားကိုလူရိပ်တစ်ရိပ်ကျလာရင်း

"သမီးယွန်း.."

"ရှင် မေမေ"

"ဘာဖြစ်နေတာလဲ နေကပူပူနဲ့ကွယ် အမြန်မှာပီး ကားထဲပြန်ဝင်တော့လေ "

"ဒီမှာမေမေ ယွန်းစားချင်တာက တစ်ပွဲပဲကျန်တာ ဟိုတစ်ယောက်က လာလုနေလို့ "

ဒီဘက်ကိုမေးငေါ့ပြပီး နှားခေါင်းကိုရှုံ့မဲ့ပီးပြောလာတော့

"အို ရွက်ဝါအရင်မှာတဲ့ဥစာကို လာလုနေတာမှမဟုတ်ပဲ "

"နေပါအုံး ညဉ်းက ဒါစားရမှဖြစ်မှာမလို့လား အရေးမကြီးရင် အန်တီက မုန့်ဖိုးပိုပေးမယ် တခြားဟာဝယ်စားလိုက်"

ရွက်ဝါအပါဝင် ဘေးကနှစ်ယောက်ပါ မျက်နှာတွေနီတွတ်ပီး ဒေါသထွက်လာရတယ် ပြောပုံက အထက်စီးက အဲ့ပိုက်ဆံ တစ်ပဲခြောက်ပြားလောက်ကို စကားထဲထည့်လို့ စိတ်ကဘယ်လိုမှထိန်းမရပဲ

မင်းမချစ်ရင်💙Where stories live. Discover now