Part 8💙

893 15 0
                                    

"ဟေ့ လာစမ်းဒီကို"

"ဟုတ် အကိုလေး"

အပြင်ကပြန်လာတော့ အမောပြေလေးကိုပြေးကြည့်တော့ ဘယ်မှာမှရှာမတွေ့ စိတ်ထဲမှာ အလိုမကျမှုကချက်ချင်းဆိုသလိုဖြစ်လာကာ

"ငါ့မိန်းမ ဘယ်မှာလဲ "

"ရှင် ..ဟို အနောက်ဘက်က ဥယဉ်ထဲမှာ စောစောကထိ ပန်းတွေကြည့်နေတာပါ"

"ရပီ သွားတော့"

"ဟုတ်"

‌ခြေလှမ်းတွေက ခြံအနောက်က ဥယဉ်ဆီသို့ ခပ်သွတ်သွတ်ပင်လှမ်းကာ

"ဪ ဒီပန်းအိုးက ဘာလို့ ဒီကြားထဲလာထားထားတာတုန်းပဲ အရောင်မှမတူပဲ ဥစ္စာ "

သူရောက်တော့ သူမလေးက တစ်ယောက်တည်း အလိုမကျ စကားတွေပြောရင်း ပန်းအိုးတွေကို ဟိုရွှေ့ဒီရွှေ့နဲ့ အလုပ်ရှုပ်နေသေးတာ

"ချာတိတ်"

"ဟင်...ဪ ရှင်..ဘာရီးလဲ"

"ဘာတွေလုပ်နေတာလဲ ပင်ပန်းအောင်လို့ကွာ အဲ့တာတွေချထားစမ်းပါ"

လက်ထဲက ကိုင်ထားတဲ့ ရေမွှေးနှင်းဆီ ပန်းအိုး သူယူလိုက်ပီး

"အို...ပေးပါ ဒီမှာလုပ်လို့မပီးသေးပါဘူးဆိုနေမှ "

"ဘယ်ဟာဘယ်လိုလုပ်ချင်တာလဲပြော အိမ်မှာ အလုပ်သမားတွေအများကြီး ခေါ်ခိုင်းရအောင်ထားတာလေ ကိုယ်တိုင်လုပ်စရာလားကွ"

"စိတ်တိုင်းမကျလို့ပေါ့ သူတို့ကိုပြောပြနေရင် ပိုမောလို့ ကိုယ့်ဘာသာလုပ်နေတာ"

"စိတ်တိုင်းမကျဘူး ဟုတ်လား"

"အင်းလေ "

"ရတယ် အဲ့လောက်အသုံးမကျတဲ့သူတွေကို အကုန်အလုပ်ဖြုတ်ပစ်မယ်"

"အို ...ဘာလို့ဖြုတ်မှာလဲ ဟို...ပြောချင်တာက ကိုယ့်ဘာသာလုပ်တာ ပိုစိတ်တိုင်းကျတယ်လို့ဆိုလိုချင်တာပါ မဖြုတ်ပါနဲ့နော်"

"ချာတိတ်ပင်ပန်းတာကို မမြင်ချင်ဘူး ကိုယ်တိုင်လည်းမလုပ်ရဘူး ပါးစပ်က ပြောရမှာ မောရင် computer နဲ့ ပြောချင်တာတွေ စာစီပေးမယ် ဟုတ်ပီလား"

"ရပါတယ် အဲ့လောက်မှမလုပ်ရင် အိမ်မှာနေရတာ ပျင်းနေမှာပေါ့ ဘာမှလည်းလုပ်စရာမရှိဘူးလေ"

မင်းမချစ်ရင်💙Where stories live. Discover now