「ᴏᴠᴇʀ ꜰʟᴏᴡ 𝙸𝙸」

329 35 10
                                    

အလွန်အကျွံချစ်မိခြင်း။

"ခွင့်မတောင်းပဲ ဓာတ်ပုံရိုက်တာ ရိုင်းတယ်နော်"

ခပ်အေးအေးလေးလွှင့်လာသည့် သူ့အသံကြားခါမှ လက်ထဲက ကင်မရာကိုအမှတ်တမဲ့ငါချမိသွားသည်။အူကြောင်ကြောင်ငါ့ရဲ့အမူအရာကိုကြည့်ရင်း သူဟာခပ်ဟဟလေးရီ၏။

Ukuleleညိုလေးကိုဘေးချရင်း မျက်၀န်းတွေမှေးစင်းသွားသည်ထိ လွတ်လွတ်လပ်လပ်ရီမောနေသည့်သူဟာ ဒီတစ်နေ့ရဲ့ နေကြာပန်းလေးလိုပင်။

လမ်းမတစ်ခုသာခြားထားသည့်သူနှင့်ငါ၏ကြားမှာ လေပြေတစ်ဝှေ့တိုက်ခဲ့သွားပြီး..သူ့ရဲ့စကြာ၀ဠာတစ်ခုလုံးကိုစုထည့်ထားသည့် မျက်၀န်းတွေငါ့ကိုလာဆုံသည့်အခိုက်တန့်..

လမ်းပေါ်ဖြတ်လျှောက်နေသည့် လူတွေဟာရပ်တန့်သွားသလိုမျိုး..ရုပ်ရှင်ဇာတ်၀င်ခန်းတစ်ခုထဲရောက်သွားသလိုမျိုး..

သူဟာပြုံးနေပြီး ကိုယ်ဟာငေးနေပြီး..အကြည့်ချင်းဆုံခဲ့သည့် ၁၀စက္ကန့်။သူ့ဆံနွယ်ကောက်ကောက်တွေပေါ် ကြွေကျနေသည့်မိုးမခရွက်တွေကအစ လှပနေပြီး နောက်ကျောပေးထားသည့်စိန့်မြစ်ဟာ ပိုတောက်ပနေခဲ့သည်။

ရုတ်တရပ်ခေါင်းထဲဖြတ်ပြေးသွားသည့် အ‌တွေးလေးဟာငါ့အတွက်ရိုးရှင်းခဲ့သည်။

'Love at first sight'

____________

Current period

'မီလန် မှာအဲ့ပြတိုက်ကအမည်ကြီးပဲလေ သွားဖြစ်အောင်သွားပါ'

လက်ထဲကဖြတ်ပိုင်းလေးကိုတစ်ချက်ကြည့်ရင်းမျက်နှာချင်း
ဆိုင်ကအဆောက်အအုံကိုကျွန်တော်မော့ကြည့်လိုက်သည်။

Mondayမလို့ထင်တယ်ကျွန်တော်အပါအ၀င်လက်ချိုး‌ရေလို့ရသည့်လူအရေအတွက်လောက်သာပြတိုက်မှာရှိနေသည်။

ဘေးပတ်၀န်းကျင်ကိုဝှေ့ကြည့်ရင်းကျွန်တော်ပြတိုက်ထဲသို့၀င်လိုက်သည်။slideမီးအချို့ကိုမျက်နှာကျက်ရဲ့လေးဘက်လေးနံမှာတပ်ထားပြီးရွှေအိုရောင်ဖန်စီမီးဆိုင်းတွေသုံးထားသည့်ပုံကlaxuaryဆန်စွာ။

ငြိမ့်ငြိမ့်ညောင်းညောင်းထွက်နေသည့်ဓာတ်ပြားဟောင်းရဲ့ jazzသီချင်းသံဟာပြတိုက်ကိုvintageဘက်သို့ပိုဆွဲဆောင်နေ၏။

Decalcomania (geminifourth ff✅)Where stories live. Discover now