「ᴏᴠᴇʀ ꜰʟᴏᴡ 𝙸𝚇 」

230 25 11
                                    

Not strong enough

"အကို ကျွန်တော်အချိန်လိုသေးတယ်.."

"အင်း အကိုစောင့်နိုင်ပါသေးတယ်"

အဖန်တလဲလဲထပ်နေခဲ့သည့်သူ့စကားဟာဒီအချိန်မှာလည်းရှင်းနေခဲ့ပါသည်။သို့သော် အရိုးသားဆုံး၀န်ခံရလျှင်စိတ်နာခြင်းအလျဉ်းတောင် မရှိပါပဲ မောင့်ကိုကျွန်တော်စောင့်နိုင်ပါသည်။

ကျွန်တော်ဆေးရုံရောက်ပြီး၅ရက်အကြာမှာမောင်ရောက်လာခဲ့သည်။ပြီးတော့မောင့်မျက်နှာမှာ ကြောက်ရွံ့မှုတွေပြည့်နေခဲ့သည်။

မောင်ဟာပွင့်လင်းလာခဲ့သည်။မောင့်စိတ်အခြေအနေဟာ ကျွန်တော်လှမ်းမမှီသည်ထိ ရှုပ်ထွေးနေခဲ့သည်။

မောင့်မှာရွေးချယ်စရာများများစားစားမှမရှိခဲ့ပဲ။မောင်ဟာကျွန်တော့်ထက်တောင်မှပိုပြီးခက်ခဲခဲ့သည်မလား။

အကြိမ်တစ်ရာပဲဖြစ်ဖြစ်အကြိမ်တစ်သောင်းပဲဖြစ်ဖြစ် မောင်ဟာစောင့်ပါလို့ဆိုလျှင်ကျွန်တော်မညည်းညူပဲစောင့်နိုင်ပါသည်။မောင်ဟာကျွန်တော့်ရဲ့အရာရာဖြစ်သည်မလား။

၀မ်းနည်းနေသည့်အဖြူရောင်လေးရဲ့လက်ကိုခပ်ဖွဖွဆွဲယူရင်းသိသိသာသာသေးသွယ်နေသည့်မောင့်ရဲ့ကိုယ်ကလေးကိုကျွန်တော်ရင်ခွင်ထဲထည့်ကာ နှစ်သိမ့်သလိုဖတ်ထားပေးမိသည်။

ကျွန်တော့်ပခုံးပေါ်ခေါင်းမှီထားသည့်မောင့်စီကနေ ရှိုက်သံသဲ့သဲ့ထွက်လာသည်ကိုသတိထားမိပါသည်။

'အဆင်ပြေသွားမှာပါ'ဟုကျွန်တော်ဆိုရင်း မောင့်ကိုကျွန်တော်တက်နိုင်သလောက်လေးနှစ်သိမ့်ပေးမိသည်။မောင်ဟာ နက်နက်နဲနဲကိုငိုနေပြန်ပါသည်။

"ဘာလို့များ..ကျွန်တော့်ကိုဆွဲထားရတာလဲအကိုရယ်"

မောင့်စီကထွက်လာသည့်စကားသံဟာ အက်ရှရှရယ်။ပြန်မချစ်နိုင်သည့်လူတစ်ယောက်ကို ဒဏ်ရာတွေပေးရင်းဆွဲနေရတဲ့ကျွန်တော်လည်း ပင်ပန်းကြောင်းမောင့်ကိုဖွင့်ဟမိချင်ခဲ့ပါသည်။

"မင်းကလွဲပြီး..ကိုယ်မှထပ်မချစ်နိုင်တော့တာ ဘယ်သူ့ကိုမှ ထပ်မချစ်နိုင်တော့တာပါ မင်းရယ်"

Decalcomania (geminifourth ff✅)Where stories live. Discover now