「ᴏᴠᴇʀ ꜰʟᴏᴡ 𝚅𝙸𝙸」

189 27 8
                                    

The atlantic we fall။

အန်တိုနီယို ဗီဗာလ်ဒီကိုသူ‌သဘောကျတယ်
ဗင်းနစ်မြို့ဟာ သူ့နားခိုရာ
Rialto bridgeမှာ‌ လှေအတူစီးချင်တယ်..
ကျွန်တော့်အမျိုးသားလေးဟာ အီတလီကိုသိပ်နှစ်သက်တယ်။

'ချလပ်'ခနဲရိုက်ချက်နှင့်အတူအနုပညာဟာသေသပ်စွာ။ပန်းနုရောင်ဆွယ်တာငယ်ကတော့ ဝေးနိုင်သလောက်ဝေးဝေးပြေးနေခဲ့သည်။

သူကဘယ်ဆိုဘယ်၊ညာဆိုညာ၊ခြေဆုံရပ်တဲ့အခါလည်းရှိသလိုခပ်မြန်မြန်လျှောက်တဲ့အခါလည်းရှိသည်။

Sneakerအဖြူလေးဟာ နှေးလိုက်မြန်လိုက်နှင့်ဗင်းနစ်ရဲ့ လမ်းမထက်မှာ တစ်လှမ်းချင်းလှမ်းလို့နေ၏။သိပ်မကြာခင်မှာပဲရပ်တန့်သွားပြန်သည်။

"အကို ကျွန်တော့်နောက်လိုက်နေတာတော်ပါတော့.."

"..."

မောင်ဟာအရင်ရောက်လာခဲ့တာလေလို့ကျွန်တော်ပြောလိုက်ချင်ပေမယ့်လက်တွေ့ကျပြုံးရုံမျှပြုံးနေမိပြန်သည်။

ပန်းနုရောင်တွေစိတ်ရှုပ်လာသည်။

ဒီလိုပါပဲ။မောင်ကပြေးတော့ကျွန်တော်ကလိုက်သည်။ကျွန်တော်မိရင် မောင်ကရုန်းသည်။မောင်ရုန်းတော့ ကျွန်တော်ပြန်လွှတ်ပေးသည်။

အဲ့နောက်..အဲ့နောက်ဒီလိုပဲသံသရာလည်ရင်းမောင်စိတ်ရှုပ်လာသည့်အခါ ကျွန်တော်ပုန်းဖို့အကြောင်းဖန်လာရပြန်သည်။

"မစောင့်နဲ့တော့..ကျေးဇူးပြုပြီး..ကျွန်တော့်ကိုထပ်မစောင့်ပါနဲ့တော့"

မောင်ဆိုပြီ။တင်းကြပ်သွားသည့်ခံစားချက်နှင့်အတူကျွန်တော်လက်ထဲက ကင်မရာလေးကိုတင်းနေအောင်ကိုင်ထားမိသည်။မောင့်ပုံစံလေးကနွမ်းလျလျရယ်။

"ဒီတိုင်း..ကျွန်တော်တို့လွဲသွားလိုက်လို့ပဲမရဘူးလား..ဟင်?"

မောင့်အသံလေးအဆုံးမှာ ကျွန်တော်စိတ်အစုံကိုလွှတ်ချလိုက်ကာ ပိန်ပါးပါးပန်းနုရောင်လေးအားဆွဲဖတ်မိသည်။

မောင်ဟာစရုန်းသည်။လူတွေဟာကိုယ့်အာရုံသူ့အာရုံနှင့်မို့ကျွန်တော်တို့ကိုသတိမထားမိကြပေ။ထိုကဲ့သို့တွေးမိသည့် အခါကျွန်တော်မောင့်ကိုပိုတင်းနေအောင်ဖတ်မိသည်။

Decalcomania (geminifourth ff✅)Where stories live. Discover now