မောင်ဟာ ကျွန်တော့်ကိုပုံဖော်ခဲ့သည်။
"မချစ်မိစေနဲ့ အကိုရှုံးလိမ့်မယ်.."
သူအတန်တန်သတိပေးခဲ့ရဲ့နဲ့အမှတ်မရှိ ရှုံးခဲ့သည့်ကျွန်တော်ဟာ ခုထက်ထိလဲအရှုံးသမားတစ်ယောက်ဖြစ်စဲဖြစ်သည်။
မျက်စိရှေ့ကဗန်နီလာအုပ်ထားသည့်espressoတစ်ခွက်ဟာ အရင်တိုင်းမပြောင်းမလဲရှိနေသည်။အနေရခက်သည့်လေထုနှင့်အတူ အေးစက်မှုဟာကဖေးဆိုင်လေးအတွင်းစိမ့်နေပြီး သူရောကျွန်တော်ပါငြိမ်သက်နေမိသည်။
"Nattကမီလန်မှာ ကျွန်တော့်အခန်းဖော်လေ ဒီနေ့သူ့ပန်းချီပြပွဲမလို့ geminiလည်းသဘောကျလောက်မယ်အထင်နဲ့ အီသန့်ရဲ့လက်မှတ်ပေးလိုက်တာ သူလည်းမအားတော့"
ဒေါက်တာရှင်းမ်ဟာ အမေရိကာနိုနှစ်ခွက်ကိုင်ကာ ဝိုင်းသို့လာရင်း မျက်စိရှေ့ကအမျိုးသားဘေးမှာ ၀င်ထိုင်လျက်ခပ်ပြုံးပြုံးလေးဆိုလာလေသည်။
မီလန်တဲ့။ကျွန်တော်ကသာမြေလှန်ရှာနေခဲ့တာသူကတော့မီလန်ကတိုက်ခန်းတစ်ခုမှာပဲ တိတ်တိတ်လေးတည်ရှိနေခဲ့သည်တဲ့လေ။
ဒေါက်တာကမ်းပေးထားသည့်အမေရိကာနိုထဲသို့ သကြားနှစ်ခဲလောက်ထည့်လိုက်ရင်း ဇွန်းဖြင့်မွှေလိုက်သည်။
အမေရိကာနိုတွေပူလို့ထင်ပါတယ်။ပျော်၀င်သွားလိုက်ပုံများ သူ့ရဲ့တစ်စိမ်းဆန်မှုတွေထက်မြန်လို့။ဘာစကားမှမဆိုပဲ ငြိမ်သက်နေသည့် ကျွန်တော်တို့နှစ်ယောက်ကြားမှာ ဒေါက်တာဟာအနေရခက်လာလေသည်။
"ဟို..ထိုင်းဘက်ကပဲမလားnattလည်းထိုင်းလူမျိုးပဲလေ"
ဒေါက်တာဟာ အေးစက်နေသည့်အခြေနေအားထိန်းရန် စကားစလာလေသည်။ဘာမှမတုန့်ပြန်ပဲ ကော်ဖီခွက်စီသာကျွန်တော်အကြည့်ပို့ထားမိသည်။
"ကျွန်တော့်မိတ်ဆွေပါ ရှင်းမ်ဂျယ်..အရေးတယူမမိတ်ဆက်ပေးလဲရပါတယ်"
အနည်းငယ်လှုပ်ခတ်သွားသည့်မျက်စံတွေနှင့်အတူ အသံလာရာသို့မျက်နှာမူလိုက်ရင်း ကြယ်တာယာမျက်၀န်းတွေကိုကျွန်တော်ငေးကြည့်မိသည်။
ဘာမှမပြောင်းလဲသွားသည့်အဲ့ပိန်သွယ်သွယ်မျက်နှာကလေး။သူဟာမိတ်ဆွေလို့ဆိုရှာသည်။အကြိမ်ကြိမ်ရစ်မူးခဲ့ကြသည့် အနမ်းတွေကိုမှမထောက်ပဲ။
YOU ARE READING
Decalcomania (geminifourth ff✅)
Fanfiction𝘋𝘦𝘢𝘳𝘦𝘴𝘵.. 𝘥𝘢𝘳𝘭𝘪𝘯𝘨.. 𝘮𝘺 𝘶𝘯𝘪𝘷𝘦𝘳𝘴𝘦 fanfiction main characters-Geminifourth total chapter-10