End of the beginning
အကယ်၍ ပြန်ချစ်ကြမယ်ဆိုရင် ဘာတွေလိုအပ်မလဲလို့လူတစ်ယောက်ငါ့ကိုမေးခဲ့ဖူးတယ်။
"ဘယ်သိပါ့မလဲ..ကျွန်တော်တို့ဟာအမြဲကျန်ခဲ့တဲ့လူတွေပဲမလား"
တစ်ကယ်တော့..ပြန်ချစ်ကြတယ်ဆိုတာမျိုးဟာဒုတိယအခွင့်အရေးလိုမဟုတ်ပဲ ကုန်သွားသည့်ရေစက်တွေကိုမျက်ကွယ်ပြုရင်းဒီသံသရာမှာပဲကျင်လည်ဖို့တွေးနေမိတဲ့ ရူးမိုက်တဲ့လုပ်ရပ်တစ်ခုထက်မပိုကြောင်းကို..
ငါအကျယ်တ၀င့်ရှင်းပြချင်ခဲ့ပေမယ့် အဲ့လူဟာဒါတွေကိုနားလည်ဖို့အတွက် အဆင်သင့်ဖြစ်မနေသလိုမျိုး သိပ်ကိုသနားဖို့ကောင်းနေသည်မလား။
"အရာရာကိုအစကပြန်စချင်တယ်..ကျွန်တော့်ရင်ထဲမှာ နောင်တပန်းတွေပွင့်နေတယ်"
တည်တည်ငြိမ်ငြိမ်ပါပဲ။ခပ်သော့သော့လက်ရေးဖြင့်လက်ထဲကမှတ်စုထဲသို့ မှတ်ချက်အချို့ချရေးလိုက်ရင်း ငါသက်ပြင်းတစ်ချက်ချသည်။
အဲ့နောက်မျက်စိရှေ့ကအမျိုးသားကိုကြည့်တော့သူဟာ သူ့မူအတိုင်းမလှုပ်မယှက်ထိုင်နေတုန်းပေ။
အဖြူရောင်ပိုလိုရှပ်၊ကာကီရောင်ပန့်ဘောင်းဘီရှည်။နေရောင်နွေးနွေးအောက်ကမျက်၀န်းညိုတွေနှင့်အတူ ခပ်စင်းစင်းနှာတံနှင့်မျက်ထောင့်အောက်က မှဲ့နက်တွေ။
ဘုရားရေ..။tableပေါ်ကextra two shotနဲ့အမေရိကာနိုထဲပျော်၀င်နေသည့် သကြားခဲတွေလိုမျိုးသူဟာ ကြည့်ကောင်းနေပါရက်နဲ့'ယဉ်ယဉ်လေးရူးနေတဲ့'လူပါလား။
"ဆေးရောပုံမှန်သောက်ရဲ့လား ညဘက်တွေရောပုံမှန်အိပ်ရဲ့လား"
"ကျွန်တော်် နေကောင်းပါတယ် ကိုယ်ရော..စိတ်ရော"
ဒီလိုအဖြေတွေဟာရှင်းမ်ဂျယ်ယွန်းဆိုသည့်ငါ့အတွက်တော့သိပ်မဆန်းကြယ်ပေ။ငါဟာစိတ်အထူးကုပါရဂူတစ်ယောက်ဖြစ်သည့်အတွက် ဒီလိုလူနာတွေနှင့်မကြာခဏကြုံရတတ်သည်။
ဒါပေမယ့် ဒီတစ်ခါကတော့ရှင်းမ်ဂျယ်အတွက်ထူးဆန်းနေခဲ့သည်။
အဲ့လူ။မျက်၀န်းညိုတွေနှင့်အဲ့လူဟာရူးနေပေမယ့်လည်းရူးတယ်လို့ဆိုလို့မရပြန်ဘူး။အဘက်ဘက်ကပြည့်စုံနေပေမယ့်လည်း ပြည့်စုံတယ်လို့မခံစားရပြန်ဘူး။
YOU ARE READING
Decalcomania (geminifourth ff✅)
Fanfic𝘋𝘦𝘢𝘳𝘦𝘴𝘵.. 𝘥𝘢𝘳𝘭𝘪𝘯𝘨.. 𝘮𝘺 𝘶𝘯𝘪𝘷𝘦𝘳𝘴𝘦 fanfiction main characters-Geminifourth total chapter-10