「ᴏᴠᴇʀ ꜰʟᴏᴡ 𝚅𝙸」

194 31 2
                                    

Souvenir from vanice

Grand Canalတူးမြောင်းမှာလှေစီးရင်း ကမ်းဘေးပေါ်မှာရှိနေသည့် ရှေးဟောင်းအဆောက်အအုံတွေနှင့်ပြတိုက်အိုတွေကို ကင်မရာဖြင့်မှတ်တမ်းယူနေမိသည်။

လွန်ခဲ့တဲ့ရက်သတ္တတစ်ပတ်က‌ကျွန်တော့်ရဲ့စိတ်အခြေနေတွေဟာ အောက်ဆုံးထိထိုးကျနေခဲ့ပြီးဆေးရုံတွင်ultrasound
ရိုက်ဖြစ်ခဲ့သည်။

သိသိသာသာစိတ်ပျက်စရာကောင်းနေခဲ့သည့်result။

အဆုတ်နှစ်ခုထဲမှာသာမက သွေးလမ်းကြောင်းတွေထိပါ အမြစ်တွေဟာပွားနေခဲ့ပြီး အဆိုးဝါးဆုံးဟာ အသက်ရှုလမ်းကြောင်းတစ်လျှောက်ပန်းတွေပွင့်နေခြင်းဖြစ်သည်။

လူ့ခန္ဓာကိုယ်ရဲ့သုံးပုံတစ်ပုံဟာရေဓာတ်တွေဖြစ်သည့်အလျောက် ခန္ဓာကိုယ်ထဲပန်းတွေပွင့်နေခြင်းဟာ သေရုံကလွဲပြီးရွေးချယ်စရာများများစားစားမှမရှိပဲ။

Flower infectionကိုခွဲထုတ်ပစ်ရင်တော့မှီသေးကြောင်း ဆရာ၀န်ကဆိုပေမယ့် သူ့ကိုစောင့်ရင်းရှင်သန်နေရတဲ့ကျွန်တော့်အတွက်တော့ သေလိုက်ရတာဟာပိုမြတ်ပါသည်။

အလွန်ဆုံး၁လဟူသည့် ဆေးစစ်ချက်နှင့်အတူ ကျွန်တော််ဟာ လက်ကျန်အချိန်လေးကို သူ့ကိုစောင့်ရင်းခရီးတွေဆက်ထွက်ဖို့ရွေးချယ်ခဲ့သည်။

သူမပါပဲဒုတိယအကြိမ်ရောက်ခဲ့သည့်veniceမြို့ရဲ့ခရီးစဉ်။

လှေကလေးrialtoတံတားအောက်ဖြတ်သွားသည့်အခါ ခပ်ရေးရေးပြန်သတိရလာမိသည့် အတိတ်ကဒဏ်ရာအချို့။

သူတစ်ခါပြောဖူးသည်။ဗင်းနစ်ရဲ့နေ၀င်ချိန်ကိုrialtoတံတား ပေါ်မှာ ထောပတ်ပေါင်မုန့်လေးစားပြီး ကြည့်ရတာဟာအနှစ်ပါတဲ့။

လှေစီးတဲ့အခါ ရှုခင်းတွေကိုဓာတ်ပုံမရိုက်ပဲ ကင်မရာဖြင့်သာမှတ်တမ်းတင်ထားသင့်ကြောင်းကိုလည်းပဲပေါ့။

တစ်ကယ်တော့ ကိုးနှစ်ဆိုတဲ့အတိုင်းတာဟာ အမှတ်တရတွေကိုတိုက်စားပစ်ဖို့အတွက်သိပ်ကိုတိုတောင်းလွန်းတယ်ရယ်။အမှတ်တမဲ့လေးအခြေနေတွေကတိုက်ဆိုင်သွားရင်တောင် ကျွန်တော်ကပြေးပြေးပြီး သတိရနေမိတာမျိုးပေါ့။

Decalcomania (geminifourth ff✅)Where stories live. Discover now