To the bone
"တစ်ယောက်ထဲပါလားnatt"
တစ်လောကမှ လာအပ်ထားသည့်harbourတံတားပုံကို ပြတိုက်မှာလာကြည့်နေတုန်း ကြားလိုက်ရသည့်အသံကြောင့် လှည့်ကြည့်မိတော့ ရှင်းမ်ဂျယ်ဖြစ်နေလေသည်။
Weekendပိတ်ရက်မှာအီသန်နဲ့အတူရှိမနေပဲကျွန်တော့်ပြတိုက်ကိုရောက်နေပုံထောက်ရင် ရန်ဖြစ်ထားသည့်ပုံပင်။
တစ်ချက်သာပြုံးပြလိုက်ရင်း ပန်းချီကားသို့ကျွန်တော်အကြည့်ပြန်ပို့လိုက်သည်။ရှင်းမ်ဟာလည်းသူ့မူပိုင်အပြုံးလေးနှင့် ကျွန်တော့်ဘေးလာရပ်၏။
"ဆစ်ဒနီရောက်ခဲ့သေးတာလား"
"အဲ့လိုဆိုရမှာပေါ့.."
ရှင်းမ်ဂျယ်ဟာခေါင်းတစ်ငြိမ့်ငြိမ့်ဖြစ်သာ မျက်စိရှေ့ကပန်းချီကိုကြည့်နေလေသည်။သိပ်မကြာခင်မှာပဲ အနုပညာအကြောင်းနှင့်အတူ ကျွန်တော်တို့ကြားလေပေးလေယူတည့်နေပြီး အပြုံးတွေကျွန်တော့်မျက်နှာပေါ်လာဟပ်သည်။
"အော် စကားဆက်ရင်းနဲ့ဟိုတစ်နေ့ကလူနာနဲ့မိတ်ဆွေလို့ပြောခဲ့တယ်နော်"
"အာ..အဲ့တာကကြာခဲ့ပါပြီ"
လည်ပင်းတွင်ချိတ်ထားသည့်ကင်မရာထဲကပုံတွေသို့အကြည့်ပို့ရင်း ကျွန်တော်ပြန်ဆိုလိုက်၏။ရှင်းမ်ဂျယ်ဟာအာရုံစူးစိုက်သလိုမျိုး နှုတ်ခမ်းလေးဆူကာခေါင်းတစ်ငြိမ့်ငြိမ့်ဖြစ်သာ။
ထိုအခါ ကျွန်တော်ယဲ့ယဲ့လေးသာပြုံးပြီး ရှင်းမ်ဂျယ်ကိုငေးကြည့်မိသည်။ရှင်းမ်ဂျယ်ရဲ့ဘ၀လေးဟာအေးချမ်းလှပြီးကျွန်တော်နှင့်သိပ်ကိုကွာသည်။
မိုးလင်းကမိုးချုပ်ချစ်ပေးမည့်အီသန့်ကိုလည်းအပိုင်ရထားပြီး ဩဇီကနေအမြဲလွမ်းနေသည့်အကိုဖြစ်သူနှင့်မိသားစုကိုလည်းရထားပြီး သဘောကျတဲ့အလုပ်လေးနဲ့လည်းအတည်တကျရှိလေသည်။
ဒီလိုကျတော့ ရှင်းမ်ဂျယ်လိုမိတ်ဆွေတစ်ယောက်ရထားတဲ့ကျွန်တော့်အဖို့အလွန်သိမ်ငယ်စရာကောင်းလှသည်။ကျွန်တော်ဟာတစ်ကောင်ကြွက်မဟုတ်လား။
ကျွန်တော့်အတွေးတွေကိုရှင်းမ်ဂျယ်ကသိသည့်အလား ဆံပင်တွေအားထိုးဖွလာရင်း'ခေါင်းသေးသေးလေးနဲ့ အများကြီးမတွေးနဲ့'လို့ဆို၏။
YOU ARE READING
Decalcomania (geminifourth ff✅)
Fanfiction𝘋𝘦𝘢𝘳𝘦𝘴𝘵.. 𝘥𝘢𝘳𝘭𝘪𝘯𝘨.. 𝘮𝘺 𝘶𝘯𝘪𝘷𝘦𝘳𝘴𝘦 fanfiction main characters-Geminifourth total chapter-10