dèsolè
"ကျွန်တော့်ရွေးချယ်မှုပါ"
ခပ်ပြုံးပြုံးလေးဆိုတော့ နံဘေးတွင်ထိုင်နေသည့်ဒေါက်တာဟာ မထိန်းနိုင်စွာငိုရှာသည်။ဒီလိုကျပြန်တော့လည်း ကျွန်တော် စိတ်မကောင်းဖြစ်မိပါသည်။
ဒေါက်တာ့အမျိုးသားကတော့သူ့ပခုံးလေးကိုပုတ်ပြီးနှစ်သိမ့်ပေးနေပေမယ့် သူကိုယ်တိုင်လည်းစိတ်မကောင်းသည့်ပုံပင်။
ကျွန်တော်တို့ဟာ အများကြီးမရင်းနှီးခဲ့ကြပေမယ့် ဥရောပဘက်မှာ တစ်ယောက်ထဲဖြစ်နေခဲ့သည့်ကျွန်တော့်ဘေးမှာ သူတို့ပဲရှိပေးခဲ့ကြလို့ သံယောဇဉ်တွေတော့တွယ်မိပါသည်။
အထူးသဖြင့် ဒေါက်တာရှင်းမ်ကိုပေါ့။သူသာ မောင့်ကိုကျွန်တော်နှင့်ပြန်မမိတ်ဆက်ပေးခဲ့ပေးရင် ကျွန်တော့်ရဲ့နောက်ဆုံးထွက်သက်ကို မတွေးရဲစရာပင်။
"မင်းအစား..ငါရင်နာလိုက်တာ..ဟင့်..မင်းကကွာ.."
ဒေါက်တာရဲ့ပြောသံကြောင့်ငါခပ်ဖွဖွလေးရီမိပါသည်။အဲ့နောက်ဒေါက်တာဟာ ရှိုက်တင်တကြီးငိုပြီး မျက်ရည်တွေကို ပဝါဖြူဖြင့်ဖိသုတ်ရင်း သူ့အမျိုးသားရင်ခွင်ထဲကရုန်းထွက်ကာ အပြင်သို့ထွက်သွား၏။
အခုဆို အခန်းထဲမှာကျွန်တော်ရယ်အီသန်ရယ်သာကျန်ခဲ့တော့သည်။စောင့်နေသည့်လူကတော့ မရောက်လာခဲ့သေးလို့ ကျွန်တော့်ရင်ထဲမှာနည်းနည်းတော့နာကျင်မိပါသည်။
"အဲ့လောက်တောင် ချစ်တာလား..ခုချိန်ရွေးချယ်မှုပြောင်းရင်မီသေးတယ်နော်gem"
ဘောင်းဘီအိတ်ကပ်ထဲလက်ထည့်ကာ အီသန်ကကုတင်ဘေးမှာရပ်ရင်းဆိုလာသည်။ကျွန်တော်လေးလံစွာသက်ပြင်းတစ်ချက်ချမိပါသည်။
YOU ARE READING
Decalcomania (geminifourth ff✅)
Fanfiction𝘋𝘦𝘢𝘳𝘦𝘴𝘵.. 𝘥𝘢𝘳𝘭𝘪𝘯𝘨.. 𝘮𝘺 𝘶𝘯𝘪𝘷𝘦𝘳𝘴𝘦 fanfiction main characters-Geminifourth total chapter-10