Cardigan
"Nattရွေးချယ်မှုတွေမမှားမှန်းကိုယ်သိတယ်..ဒါပေမယ့် ဒီတစ်ခါတော့nattကိုပိုပြီးသေချာစေချင်တယ် ကိုယ့်စကားတွေကိုnattသဘောပေါက်မှာပါ"
ဘလက်ကော်ဖီတွေအေးစက်နေပြီး အင်္ကျီစလေးကိုလုံးချေနေမိသည်။ရှင်းမ်ဂျယ်ကတော့သက်ပြင်းယဲ့ယဲ့ချကာ သူ့ရဲ့ ကော်ဖီကိုသောက်သည်။
"ဘရစ္စဘိန်းကိုသွားမှာလား အဲ့မှာကိုယ်၀ယ်ထားတဲ့တိုက်ခန်းရှိတယ် nattအဆင်ပြေရင်အဲ့မှာနေလို့ရတယ်"
ရှင်းမ်ဂျယ်ကသူ့လက်ဆွဲအိတ်ထဲက သော့ကိုထုတ်ပေးသည်။အဲ့နောက်မှာလူနာသွားကြည့်တော့မည်ဟူ၍ ထထွက်သွားသည်။
မသွားခင်လဲ ရွေးချယ်မှုတွေမမှားဖို့တစ်ဖွဖွမှာသည်။ထပ်မပြေးဖို့ကိုရောပဲပေါ့..။
Cardiganအဝါနုလေးအား လုံးချေရင်းကျွန်တော်ခေါင်းတောင်မဖော်နိုင်တော့ပေ။ဗင်းနစ်ကပြန်လာပြီးကတည်းကကျွန်တော်ပိုပြီးစဉ်းစားလာရသည်။
ရှင်းမ်ဂျယ်ကိုရင်ဖွင့်မိတော့ ရှင်းမ်ဂျယ်ဟာမမျှော်လင့်ထားသလိုအံဩသွားပေမယ့် လေသံအေးလေးနှင့်အကြံဉာဏ်တွေပေးရှာသည်။
ဒီတစ်ခါမှာတော့ ရှင်းမ်ဂျယ်ရဲ့အဖြေတွေဟာကျွန်တော့်အတွက်မသက်မသာဖြစ်ခဲ့သည်။
အရှုံးသမားတစ်ယောက်လိုပဲ။စိတ်တွေရှုပ်ထွေးလာကာ ဆံပင်တွေကိုထိုးဖွရင်း အခန်းဖြူလေးထဲကျွန်တော်အတွေးတွေများနေခဲ့သည်။
တစ်ကယ်ပဲ..။ဒီတစ်ခါထွက်ပြေးလိုက်ရင်ရော..။ဒါဆိုရင် အဆုံးသတ်သွားမှာလား။
ထပ်ပြီးသူရဲဘောကြောင်စွာတွေးမိပြန်သည်။ကျွန်တော်ဟာ အမှိုက်ပါပဲ။ဒဏ်ရာတွေလည်းများသလို အကျင့်တွေကလည်းရှုပ်ထွေးသည်။
ဒါပေမယ့်လူတစ်ယောက်ကတော့ချစ်ပါသည်တဲ့လေ။အဲ့လိုစဉ်းစားမိတဲ့အခါ ထပ်ပြီးရင်ဘတ်ကနာလာသည်။
ကျွန်တော်အချိန်တွေလိုသည်။အဲ့အချိန်တွေကခန့်မှန်းလို့လည်းမရသလိုဘယ်အထိဆက်သွားမလဲ လဲကျွန်တော်ကိုယ်တိုင်မသိဘူး။
ပြီးတော့ဒီအခိုက်တန့်လေး..ကျွန်တော်သူ့ကိုအနားမှာရှိစေချင်ခဲ့သည်။
YOU ARE READING
Decalcomania (geminifourth ff✅)
Fanfiction𝘋𝘦𝘢𝘳𝘦𝘴𝘵.. 𝘥𝘢𝘳𝘭𝘪𝘯𝘨.. 𝘮𝘺 𝘶𝘯𝘪𝘷𝘦𝘳𝘴𝘦 fanfiction main characters-Geminifourth total chapter-10