「ᴏᴠᴇʀ ꜰʟᴏᴡ 𝚅 」

236 31 19
                                    

Right where you left me

2015 sunset in sydney

တဖြူးဖြူးတိုက်နေသည့်လေအေးတွေကိုခံစားရင်း၀တ်ထားသည့်leather jacketထဲသို့လက်ထည့်ထားလိုက်၏။

နံဘေးကနေဖြတ်သွားနေသည့်မီး‌ရောင်စုံသောကားတွေကိုငေးကြည့်ရင်းတံတားဘောင်ကိုမှီကာကျွန်တော်နံဘေးသို့စောင်းငဲ့ကြည့်လိုက်သည်။

ကင်မရာအညိုလေးကိုလက်တွင်ကိုင်ကာလေတဖြူးဖြူးတိုက်နေသည့်ကြားကsunset viewကိုအပြီပြင်ရိုက်နေသည့်ကောင်လေးဟာအနုပညာရှင်တစ်ယောက်လိုပင်။

"ဒီဘက်ကိုကြည့်အကို!ဒါကတစ်ကယ့်pointပဲ"

ကျောပေးထားရာကနေလှည့်လိုက်ကာထိုအမျိုးသားလေးညွှန်ပြသည့်နေရာကိုကျွန်တော်ကြည့်လိုက်သည်။

လိမ္မော်ရောင်သန်းနေသည့်ရေပြင်ကြီးထဲသို့တစ်ဖြည်းဖြည်းနှစ်၀င်သွားဟန် တိမ်တောင်တိမ်လိပ်တွေနှင့်လှချင်သလိုလှနေသည့်ပုစွန်စီရောင်ကောင်းကင်ဟာပန်းချီဆန်စွာ။

ဇင်ယော်တွေပျံကာ ကားဟွန်းသံတွေဆူညံနေသည့်ပတ်၀န်းကျင်ကိုမေ့သွားသည်ထိလှပသည့်အနုပညာပဲ။

ရောင်ပြန်ဟပ်လာသည့်လိမ္မော်ရောင်‌အလင်းတွေဟာကျွန်တော့်ကိုရိုက်ခတ်နေပြီးတဖြူးဖြူးတိုက်ခတ်နေသည့်လေတွေကပိုထန်လာ၏။

မျက်၀န်းထဲကနေ နေမင်းကြီးပျောက်ကွယ်သွားသည်ထိကျွန်တော်တိတ်ဆိတ်စွာကြည့်နေမိသည်။ကျွန်တော့်အာရုံတွေအားလုံးကိုဖမ်းစားသွားသလိုမျိုးပေါ့။

"သဘောကျတယ်မလား?"

နံဘေးကနေခပ်ချိုချိုအသံလေးထွက်လာသည့်အခါကျွန်တော်ဘေးသို့စောင်းကြည့်လိုက်၏။

ထပ်ပြီးအဲ့မျက်၀န်းတွေ..။ကင်မရာကိုလည်ပင်းတွင်ချိတ်ထားပြီးကျွန်တော့်ကိုပြုံးရွှင်စွာကြည့်နေသည့် မျက်ဝန်းတွေဟာကျွန်တော်အကြောက်ဆုံးသောလက်နက်တွေ။

ပါးပြင်ပေါ်ကမှဲ့ကလေးမထင်ရှားတော့သည်ထိပါးတွေမို့တင်အောင်ပြုံးနေသည့်ထိုင်း-အီတလီအမျိုးသားလေးဟာနေ၀င်ချိန်နှင့်သိပ်လိုက်ဖက်ပါသည်။

Decalcomania (geminifourth ff✅)Where stories live. Discover now