Part 14 (U+Z)

745 80 0
                                    

အစမ်းလေ့ကျင့်ချိန်ကလုံလောက်ခဲ့သောကြောင့် Final ရိုက်ကူးရေးမှာတစ်ကြိမ်ထဲသာရိုက်ကူးခွင့်ရှိသည်။ စနေနေ့ မနက် ၈ နာရီထဲက ENT ဌာနချုပ်အတွင်းရောက်ရှိနေကြသောပြိုင်ပွဲဝင်များမှာ ပြင်ဆင်ရေးအခန်းနှစ်ခုခွဲပြီးရိုက် ကူးရေးအတွက်ကြိုတင်ပြင်နေကြရသည်။

အမျိုးသမီးအများစုမှာ ကိုယ့်အစီအစဉ်နှင့်အပြင်ကနေပြင်ဆင်လာကြ သူများ၏။ အမျိုးသားတွေက ဌာနရောက်မှပဲအဆင်ပြေသလိုပြင်ဆင်လိုက်ကြသည်။

ဒီတစ်ကြိမ်မှာတော့ ညဉ့်ဦးယံစိတ်လှုပ်ရှားနေမိ၏။ ကိုကိုနဲ့မျက်နှာချင်းဆိုင်တွေ့ရတော့မယ်ဆိုတဲ့အသိက သူ့စိတ်ကိုထိန်းသိမ်းမရနိုင်အောင်ယောက်ယက်ခတ်နေစေသလို ကိုကို့ရှေ့မှာအကောင်းဆုံးလုပ်နိုင်ပါ့မလားဆိုတဲ့အသိကြောင့် ယုံကြည်ချက်တွေပျောက်ချင်လာသလိုလို။ မှန်ထဲကကိုယ့်ပုံကိုကြည့်ပြီး ငေးစိုက်ကြည့်နေမိသည်။

စုံတွဲသီဆိုရမှာဖြစ်သောကြောင့် နှစ်ဦးသားတိုင်ပင်ပြီးလိုက်ဖက်အောင်ဝတ်စားထားခဲ့ကြ၏။ ရုပ်လည်းလှပသလို ခန္ဓာ ကိုယ်အချိုးအစားပြေပြစ်သောရွှေရေးခြယ်ရဲ့စိတ်တိုင်းကျ လိုက်ဖက်အောင်ဝတ်စားထားရသည့် လိမ္မော်ရောင်တောက်တောက်အင်္ကျီပုံဆန်းလေးနှင့် အနက်ရောင်စတိုင်ပင်က သူ့ကိုယ်ပေါ်မှာထင်းလင်းနေသည်။

ဆံပင်ကိုသေချာပုံသွင်းထားပြီး မိတ်ကပ်အနည်းငယ်ပြင်ထားတဲ့သူ့ပုံမှာ အဆင်ပြေနိုင်ကောင်းပါရဲ့။ ရွှေရေးက ကိုယ်အတိလိမ္မော်ရောင်ဂါဝန်အကျပ်လေးပေါ်မှာ စီးကွင့်တွေတလက်လက်ထနေတဲ့အနက်ရောင်ကုတ်အတိုလေးနှင့်။

ခြေသလုံးဝက်လောက်သာရှည်သောကိုယ်ကျပ်ဂါဝန်က သူမ၏ခန္ဓာကိုယ်အလှကိုထင်းနေစေသလို ပုံသွင်းထားသောခါးလောက်ရှည်သောရွှေညိုရောင်ဆံပင်များကို အခွေအလိပ်ပုံစံဖြင့်လှပစွာပုံသွင်းထား၏။

သူကခုံမှာထိုင်ပြီးဂစ်တာတီးကာသီဆိုပြီး သူမကသူစတင်သီဆိုပြီးချိန်မှ စတိတ်စင်ပေါ်ဝင်ရောက်လာရမှာမျိုး။ သီချင်းကခပ်မြူးမြူးဖြစ်သောကြောင့် နှစ်ဦးသားအပေးအယူတည့်စွာတင်ဆက်ဖျော်ဖြေကြရမယ်လို့တိုင်ပင်ထားခဲ့ကြပေမဲ့ တစိမ်းအမျိုးသမီးတစ်ဦးနှင့်ရင်းရင်းနှီးနှီးမနေခဲ့ဖူးသောသူ့အတွက် အနည်းငယ်ရှက်နေမိ၏။ ၃ ခါ လောက်တိုက်ပြီးချိန်မှ အဆင်ပြေသွားရတဲ့အဖြစ်။

Love's Resurgence (အချစ်တစ်ဖန်မွေးဖွားခြင်း)Where stories live. Discover now