( A Little Warning ပါနော်။ )
အသက်ရှုရတာမွန်းကျပ်လာသလို ရင်ခုန်လှုပ်ရှားနေရသောခံစားချက်များကို သူတောင့်မခံနိုင်တော့ပါ။ တစ်ကိုယ် လုံးကိုပွေ့ဖက်ထားပြီး ပြင်းပြသောအနမ်းကြမ်းကြမ်းတွေအောက်မှာ လူကမောဟိုက်တုန်ရင်လာ၏။
"ဟင်း...ကိုကို...ခဏ...အင်း..."
စိတ်ရှိတိုင်းနမ်းရှိုက်နေတဲ့ကိုကိုကအတင်းတွန်းလိုက်မှသာဖယ်ခွာပေးရင်း ညဉ့်ဦးယံမျက်နှာကိုငုံ့မိုးကြည့်ကာ...။
"ဘာလို့တွန်းနေတာလဲ၊ ကိုကိုနမ်းလို့မဝသေးဘူးလေ"
"ဟင့်အင်း...ခဏလေး...ကျွန်တော်...ကျွန်တော်သေတော့မလိုပဲ..."
မတတ်သာသည့်အဆုံး အပေါ်ကအုပ်မိုးနေတဲ့သူရဲ့လည်ပင်းကိုသိုင်းဖက်လိုက်ပြီး ဘေးကိုတွန်းချလိုက်ကာရင်ခွင်ထဲမှာခေါင်းလေးကိုဖိကပ်ထားလိုက်မိသည်။
"ကျွန်တော်လေ...ရင်ခုန်ရလွန်းလို့သေတော့မယ်လို့ထင်နေမိတာ၊ အသက်...အသက်ရှုရတာလည်းမဝတော့ဘူး။ ကိုကို...ကိုကိုက...အရမ်းဆိုးတာပဲ"
"ဒါအစပဲရှိသေးတာ"
သူ့မျက်နှာကို ကိုကို့ရင်ဘတ်မှာပွတ်သပ်နေလိုက်ရင်း...။
"ဟင့်အင်း...မလုပ်နဲ့တော့၊ ကျွန်တော်လေ...နှလုံးခုန်တာရပ်သွားတော့မယ်ဗျ"
"ဟုတ်လို့လား၊ နမ်းတာလေးနဲ့ရပ်သွားစရာလား။ လူညာလေး"
"မညာဘူးဆို...ဒါ...ဒါကကျွန်တော့် First time လေကိုကိုရာ..."
"မသိဘူးကွာ၊ နမ်းချင်တာပဲသိတယ်။ ဘယ်တုန်းထဲကနမ်းချင်တာလဲသိလား"
"ဟင့်အင်း"
"ပထမဆုံးပြန်တွေ့တဲ့နေ့ထဲကပေါ့။ ကလေးလေးကြောက်သွားမှာစိုးလို့အောင့်ထားရတာ"
"ဟင်"
အဲတာဆိုလည်းတွေ့ထဲကနမ်းလိုက်ပါတော့လား။ ကိုကိုနမ်းရင်သူကငြင်းနိုင်မှာတဲ့လား။ ကျေနပ်ခြင်းများနှင့်ညဉ့်ဦးယံနှုတ်ခမ်းလေးများမှာ ပြုံးချိုနေလေတော့သည်။ ကိုကိုကသူ့ကိုချစ်တယ်တဲ့၊ တွေ့လိုက်ထဲကနမ်းချင်နေတာတဲ့။