🔞🔞
This Chapter contains some mature words and scene. Warning for under age 🔞
If you don't like, go back.(၁၈ နှစ်မပြည့်သေးတဲ့ကလေးတွေ ဒီအပိုင်းကိုကျော်ဖတ်ပါရှင်။ ပြည့်ပြီးသူများကတိတ်တိတ်လေးဖတ်ပါ။ အရွယ်လွန်နေသူများကတော့စိတ်ကြိုက်မန့်နိုင်ပါတယ်ရှင်)
"အနမ်းဟူသည်ချစ်ခြင်းတရားကိုကိုယ်စားပြုပြီး ချစ်တင်းနှောခြင်းသည်ဆန္ဒရမ္မက်ကိုကိုယ်စားပြု၏"
တီရှပ်လေးကိုလှန်ချွတ်လိုက်ချိန် မြင်လိုက်ရသောတက်တူးလေးကြောင့် ကိုကိုကခပ်သဲ့သဲ့ညည်း၏။
"အသည်းလေးရာ...ကိုကိုရူးတော့မှာပဲ"
"သဘောကျလားဟင်။ ဒါကိုကို့အတွက်
မွေးနေ့လက်ဆောင်လေးလေ"ဖွေးဥနေသောဘယ်ဘက်ရင်ဘတ်ပေါ်တွင် လတ်လတ်ဆတ်ဆတ်ရေးထိုးထားသောတက်တူးလေးက My Royal ဆိုသောစာတမ်းလေးနဲ့ သရဖူ Logo လေး။ အောက်မှာလည်းသူ့မွေးရက်လေးကအထင်းသား။ လောလောလတ်လတ် ထိုးထားခဲ့ခြင်းကြောင့် အနားသတ်လေးတွေမှာရဲနေပြီးအနည်းငယ်ယောင်နေသလိုဖြစ်နေတော့ စိတ်ထဲဝမ်းနည်း ဝမ်းသာစိတ်နဲ့ချစ်ရတဲ့ကောင်လေးကိုငေးကြည့်နေမိတော့သည်။
"အရမ်းနာလား"
"ဟင့်အင်း...သိပ်မနာပါဘူး၊ ထင်ထားတာထက်အများကြီးသက်သာပါတယ်"
"ဘာစိတ်ကူးပေါက်လို့လဲ"
"တစ်ခုခုအမှတ်တရပေးချင်တာလေ၊ ကိုကို့မှာအားလုံးပြည့်စုံနေတော့ ဒီလိုလေးပေးရင်သဘောကျမလားလို့..."
"သဘောကျပေမဲ့နာမယ်ဆိုတာသိနေတော့ စိတ်ထဲမကောင်းဘူး"
"တကယ်မနာပါဘူးဆို၊ ယောင်နေတာကထိုးစမို့ပါ၊ နှစ်ရက်လောက်ဆိုအဆင်ပြေသွားပါပြီ"
"ကျေးဇူးတင်ပါတယ်ကလေးလေး"
"ကိုကိုသဘောကျရင်ကျေနပ်ပါပြီဗျာ"
တက်တူးလေးကိုနှာခေါင်းဖျားလေးနှင့်ဖွဖွနမ်းရှိုက်လိုက်ပြီးမှ ညဉ့်ဦးယံကိုတင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားလိုက် မိ၏။
"တက်တူးလက်ဆောင်လေးကိုသဘောကျပေမဲ့ ကိုကိုလိုချင်တဲ့လက်ဆောင်လေးကရှိသေးတယ်နော်၊ ပေးမယ်မဟုတ်လား"