Part 18 (U+Z)

940 94 9
                                    

နောက်တစ်ဆင့်အတွက်ပြင်ဆင်လေ့ကျင့်မှုများနှင့် ၅ ရက်လုံးမအားမလပ်ရှိနေခဲ့ပေမဲ့ ညဉ့်ဦးယံမှာနည်းနည်းမှပင်ပန်းတယ်လို့မထင်မိ။ စိတ်ကကြည်ရွှင်နေတော့လုပ်ကိုင်နေရသမျှအဆင်ပြေသလို မြင်မြင်သမျှဟာလည်းပျော်ရွှင်ဖွယ်အတိ။ ရေမွှေးပုလင်းလေးကိုကျောပိုးအိတ်ထဲထည့်ကာ ဘယ်သွားသွားယူဆောင်သွားတတ်သလို ကိုယ်ပေါ်မှာလည်း Dior ရနံ့လေးကတသင်းသင်း။

Round 4 တွင်ဆိုရမဲ့ Solo သီချင်းအတွက်နေ့စဉ် ENT ကိုလာနေရပြီး နည်းပြများ၏ညွှန်ပြမှုဖြင့်အကောင်းဆုံး ကြိုးစားနေရသည်။ တစ်ဦးချင်းစီအတွက်ဒိုင်များရွေးပေးထားသော ၃ ပုဒ်ထဲက စိတ်ကြိုက်တစ်ပုဒ်သီဆိုရမှာဖြစ် သောကြောင့် နည်းပြနှင့်တိုင်ပင်ကာညဉ့်ဦးယံအသံနှင့်အလိုက်ဖက်ဆုံးဖြစ်မဲ့သီချင်းကိုရွေးလိုက်၏။

Round 4 အတွက်ယှဉ်ပြိုင်မဲ့အယောက် ၂၀ ကိုနှစ်သုတ်ခွဲကာ ရိုက်ကူးရမှာဖြစ်သည်။ Studio ၃ ခန်းရှိသောကြောင့် လေ့ကျင့်ချိန်မှာအဆင်ပြေခဲ့၏။ အချိန်တိုတိုအတွင်းမှာအစမ်းလေ့ကျင့်မှုများပြီးစီးခဲ့ပြီး သောကြာနေ့တွင်ပြိုင်ပွဲအတွက် ရိုက်ကူးရေးစတင်ခဲ့လေသည်။

ဒီတစ်ခေါက်ယှဉ်ပြိုင်မှုမှာ Open Studio ဖြစ်၏။ လူ ၂၀၀ ခန့်ဆန့်သောဟောခန်းထဲတွင် ပြိုင်ပွဲဝင်များအားလုံးနှင့်အတူဧည့်သည်တစ်ချို့ကိုလည်းဖိတ်ကြားထားခဲ့သည်။ ပြိုင်ပွဲဝင်တွေအတွက်ဧည့်လက်မှတ် ၅ စောင်စီရရှိခဲ့သည်။ ကျန်ဧည့်သည်များမှာ ENT မှဖိတ်ကြားထားသောစပွန်ဆာကုမ္ပဏီများ၊ ဝန်ထမ်းများနှင့်အခြားသောဧည့်သည်များဖြစ်၏။ ရိုက်ကူးရေးကို ၂ ချိန်ခွဲပြီးရိုက်ကူးမှာဖြစ်ပြီး ကြားတွင်နားချိန် ၂ နာရီပေးထား၏။

၂ နာရီနားချိန်တွင် အောက်ထပ်ကဟောခန်းကျယ်ကြီးထဲ၌ နေ့လည်စာကိုဘူဖေးကျွေးကာဧည့်ခံမည်ဖြစ်၏။ သတင်းထောက်တစ်ချို့ကိုဖိတ်ထားသော်လည်း ပြိုင်ပွဲဝင်များအတွက်အင်တာဗျူးအစီအစဉ်မပါလာသေး။ ENT က တာဝန်ရှိသူများနှင့် ဒိုင်များကိုသာအင်တာဗျူးလုပ်ကြမည်ဖြစ်၏။

ပြိုင်ပွဲဝင်များအတွက်နားနေခန်းများ၊ မိတ်ကပ်ပြင်ရမဲ့အခန်းများကိုစီစဉ်ပေးထားသောကြောင့် မနက် ၈ နာရီအရောက်လာကြရသည်။ ရိုက်ကူးရေးကို ၉ နာရီခွဲတွင်စတင်မှာဖြစ်သောကြောင့် ၉ နာရီခန့်အချိန်တွင်ဖိတ်ကြားထားသောဧည့်သည်များ တဖွဲဖွဲရောက်ရှိလာကြ၏။

Love's Resurgence (အချစ်တစ်ဖန်မွေးဖွားခြင်း)Where stories live. Discover now