Part 47 (U+Z)

516 63 14
                                    

"ကိုကို"

"ကိုကိုမဟုတ်ဘူး၊ ကျွန်တော်ပါညဉ့်ဦးယံ"

ဖုန်းဝင်သွားတာနဲ့ကိုကိုတန်းခေါ်လိုက်မိတဲ့သူ့မှာ တစ်ဖက်ကပြန်ဖြေလိုက်သံကြောင့်လက်ဖျားတွေတောင်ထုံကျင်သွား၏။

"ဘာလို့ကိုကို့ဖုန်းကခင်များဆီမှာရောက်နေတာလဲ"

"ဒါကိုကျွန်တော်လည်းစဉ်းစားနေတာ၊ ဒီအဖြေကိုတော့ မင်းကိုကိုပဲဖြေနိုင်မယ်ထင်တယ်"

ဘာတွေဖြစ်မှန်းမသိတဲ့နောက်မှာ မလိုအပ်ဘဲစကားတွေဆက်မပြောချင်တော့ပါ။ လှောင်ထေ့ထေ့ဟန်ပေါက်နေတဲ့အရုဏ်ဦးလေသံကိုလည်းမကြိုက်တဲ့နောက် ဖုန်းကိုချက်ချင်းချလိုက်ပြီးနောက်တစ်လုံးကိုခေါ်လိုက်ချိန် ဖုန်းကစက်ပိတ်ထားဆဲ။

တစ်မနက်လုံးဆက်နေတဲ့ဖုန်းနှစ်လုံးမှာ ဝင်သွားတဲ့ဖုန်းကအရုဏ်ဦးဆီမှာဆိုတော့ ကိုကိုကဘယ်ရောက်နေတာလဲ။ ဒါ့ထက်အရေးကြီးတာက မနေ့ညကဘယ်မှာအိပ်ခဲ့တာလဲ။

မဖြစ်နိုင်ပါဘူးလို့စိတ်ကထင်နေမိပေမဲ့ တကယ်တမ်းဖြစ်သွားခဲ့တယ်ဆိုရင်သူဘာလုပ်ရမလဲ။ မတော်တဆဆိုတာမျိုးကဖြစ်တတ်တယ်ဆိုတာကိုသိနေတော့ ပူနေတဲ့စိတ်တွေကလောင်ကျွမ်းတဲ့အဆင့်ရောက်သွား၏။

၁၁ နာရီထိုးပြီးသွားတဲ့အထိ ကိုကို့နဲ့အဆက်အသွယ်မရသေး။ နောက်ထပ်တက်လာတဲ့သတင်းကြောင့် နေမထိထိုင်မသာဖြစ်နေပါတယ်ဆိုမှ ဖုန်းကဘာလို့သူ့ဆီရောက်နေပြန်တာလဲ။

Facebook ထဲပြန်ဝင်လိုက်ပြီး ထိုသတင်းကိုပြန်ကြည့်မိပြန်တော့ သွေးတွေကဆောင့်တက်လာပြန်သည်။ တစ်နေ့ကမနက်စောစောရန်ကုန်ကနေထွက်သွားတဲ့ကိုကိုက ဘာလို့ဒီလူနဲ့အတူတူရှိနေပြန်တာလဲ။ အောင်ပန်းမြို့အဝင်မှာဆီထည့်နေတဲ့ကိုကို့ကားပေါ်မှာ အရုဏ်ဦးကဘယ်ကနေဘယ်လိုရောက်နေတာလဲသူမတွေးတတ်တော့ပါ။

ပုံထဲမှာကိုကိုမပါပေမဲ့ တစ်ဝက်ဖွင့်ထားတဲ့ကားပြတင်းတံခါးပေါက်ကတစ်ဆင့်မြင်နေရတဲ့လူက အရုဏ်ဦးမှအရုဏ်ဦးအစစ်။ ခရီးသွားတစ်ယောက်က အရုဏ်ဦးကိုမြင်လိုက်လို့အမှတ်တမဲ့ရိုက်လိုက်တဲ့ပုံက သတင်းတွေတက်လာပြီးမှထပ်ပေါ်လာပြန်တော့ ရှေ့ကသတင်းတွေကိုအတည်ပြုလိုက်သလိုလို။

Love's Resurgence (အချစ်တစ်ဖန်မွေးဖွားခြင်း)Where stories live. Discover now