6- blue

327 53 15
                                    

"ဂျိတ်ခ်!"

"မင်းဝယ်လာတဲ့ အသီးတွေ ပုပ်နေပြန်ပြီ"



မီးဖိုချောင်ထဲက အခန်းဖော်ဖာနန်ဒက်ဇ်ရဲ့ လှမ်းအော်သံကြောင့် ဝရံတာမှာ မိနစ်နှစ်ဆယ်နီးပါး ဟိုဟိုဒီဒီဂဏှာမငြိမ်ခြေဟန်လက်ဟန်တွေကနေ ဂျယ်ယွန်းတစ်ယောက် ကမ္ဘာ့လေထုနဲ့ အဆက်အသွယ်ပြန်ရတော့တယ်။




ကျောင်းသားဟောင်းတွေ့ဆုံပွဲတုန်းက ဂျူလီယာရဲ့သူငယ်ချင်းကတဆင့်ကြားသိထားရသမျှ သတင်းအစအနအရတော့ အီသန်လီက သူတို့အဆောင်အောက်ထပ်မှာ ပြောင်းနေတာ တပတ်လောက်ပဲ ရှိသေးတယ်ပြောကြတာပဲ။







ဘော်ကြော့နေ အထက်တန်းလွှာ သူဋ္ဌေးသားလေးတစ်ယောက်က သူတို့လို လူလတ်တန်းစားတွေသာ သာမန်ကာလျှံကာ ဝေ့လည်နေကြ ရပ်ကွက်ထဲ ပြောင်းရွှေ့လာတယ်ကြားရတာကိုက ရှေးရိုးစွဲပုံပြင်တွေထက်တောင် ယုံချင်စရာကောင်းမနေပေမယ့်လည်း...။





အီသန်လီကို တိုက်ရိုက်တော့ ဂျယ်ယွန်းဘာဆိုဘာမှမမေးနိုင်ခဲ့ဘူး။



ကံကြမ္မာက အခွင့်ပေးထားလည်း အီသန်မပြောပြတဲ့အကြောင်းအရာတွေကို ​စည်းဖောက်ချိုးပြီး ထိတွေ့ချင်စိတ်လည်း ရှိမနေတော့ဘူး။




ဘယ်လိုနေနေ အီသန်အတွက် သူဟာ သက်တန့်အစွန်အဖျားက မြူခိုးတစ်စုလောက်သာ ဖြစ်တည်နေတဲ့ ပမွှားသာသာပါပဲ။





ဒါမှမဟုတ် တပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးတစ်လုံးနံဘေးက ဦးတည်ရာမဲ့ အခိုးအငွေ့တွေလောက်လေးဆိုရုံပေါ့။




ချစ်ရသူမြင်ကွင်းရှေ့ ဘယ်အချိန်ပြန်ပျောက်သွားပေးရဦးမလဲ တွေးတွက်ကြည့်တော့ ရင်မှာသိပ်ပြီး နင့်ရပါတယ်။




အီသန် သူ့ကိုပြန်ချစ်မယ့်နေ့စွဲတွေအကြောင်းများလား။

ဟားဟား... ပုံဖော်ကြည့်ရတာကတင် နတ်သမီးယုံတမ်းတွေလောက်တောင် လက်ခံနိုင်ဖွယ်ရာမှ မရှိပါဘဲလေ။








"ဂျိတ်ခ်"

"စားလည်းသေချာမစားဘဲ ရေခဲသေတ္တာထဲ အလှကြည့်ရုံဝယ်ထည့်ထားတာလား"





Will I Ever See You Again? [Completed]Место, где живут истории. Откройте их для себя