ဧကန္တ.....
ဆုတောင်းတုန်းက အသံများတိုးခဲ့မိလေလား..။ချစ်ရသူနဲ့ကြမ္မာကြိုးသွယ် မကွေကွင်းရဖို့ လိုအင်ဆန္ဒတချို့ရေရွတ်တော့ လေလွှာထဲက စက္ကူစင်္ကြာဟာ မလှုပ်မယှက်ဟန်နဲ့ သူ့ကိုလှောင်ရယ်ခဲ့တယ်။
အဲ့ဒီအစား နောက်ကျခြင်းရဲ့ တံခါးဝအလွန်မှာ နောင်တတရားကသာ အရှုံးသမားတစ်ယောက်အလာကို စောင့်ဆိုင်းနေနှင့်တာမျိုးပေါ့။
ခပ်မြန်မြန်ပြေးနေပေမယ့် လောကရဲ့အရာရာကနေ ကိုယ်ဟာအနှေးကွေးဆုံး ဝေးသထက်ဝေးနေမှန်း တိုးတိတ်စွာ သတိပေးလာတဲ့ ခြေလှမ်းတွေဟာ သတိပေးခေါင်းလောင်းသံနဲ့ ဆက်တိုက်လို အသိတရားကို လှုပ်နှိုးတယ်။
စုတ်ပြတ်သတ်နေလျက်နဲ့ ခဲရာခဲဆစ်ရှင်သန်လာတဲ့အခါ နှလုံးသားဟာ အထပ်ထပ်အခါခါ သေလုမြောပါးပါပဲ။
"ကျနော်က... သတို့သားရဲ့ သူငယ်ချင်းပါ"
"အီသန်လီက အဝတ်လဲခန်းထဲမှာရှိနေတယ်။နောက်နာရီဝက်နေမှ ပွဲကစမှာမို့ သွားတွေ့ပြီး စကားပြောလို့ရတယ်နော်"
အေးအေးလူလူစိမ့်ဝင်နေတဲ့ ဘုရားကျောင်းထဲက ခန်းမဆောင်က မင်္ဂလာဂန္တဝင်တေးသံတွေကို နားစည်ဖျားက နားညီးစရာပြယုဂ်အဖြစ်သာလျှင် မြင်ပြင်းကတ်စရာဖြစ်လာတယ်။
သည်နေရာမှာ နောင်တတရားရဲ့ အပြစ်ဒဏ်ခံရဖို့သာ ထိုက်တန်တဲ့ အပြစ်သားဟာ သူတစ်ယောက်တည်းပါပဲ။
လူတွေကို ခေါင်းပုံဖြတ်ခြယ်လှယ်နေတဲ့ ကံကြမ္မာဟာ ပဒိုင်းသီးတစ်လုံးသာဆို ကိုယ့်စိတ်လိုလက်ရအတိုင်း အစိတ်စိတ်အမွှာခွဲလို့ နင်းချေစားသုံးလိုက်ချင်တော့တာ။
အခုတော့ ဆုပ်လျှင်လည်း စူး၊
စားလျှင်လည်း ရူး...။"အီသန်...."
အချိန်လွန်ယန္တရားပေါ်က ယိုင်နဲ့နဲ့ခြေထောက်တွေဟာ အချစ်ဦးရဲ့ ကျောပြင်ကို ဖျတ်ခနဲမြင်လိုက်တာနဲ့ ခုနစ်လွှာဆောင်ကနေ ပြုတ်ကျသွားတဲ့ ဒဏ်ရာအနာတရကြားက သေဆုံးအံ့အံ့လူတစ်ယောက်လိုမျိုး။
ESTÁS LEYENDO
Will I Ever See You Again? [Completed]
Fanficရှာဖွေနေမိတယ်။ ကံကြမ္မာသာ အမှန်တကယ် ရောင်ပြန်ဟပ်ခြင်းနဲ့ အလုပ်လုပ်ခဲ့ရင်တော့..၊ကန်ရေပြင်နား တိုင်တည်ခဲ့သလို ကျနော့်ကျောပြင်ဟာ သူ့အလာ ဝမ်းပန်းတသာ ရပ်စောင့်မိပါလိမ့်မယ်။