5- papillon

468 76 15
                                    

တွေ့ထိခဲ့ဖူးလား....


လက်ညှိုးထိပ်ပေါ် ခိုဝဲလာတဲ့ လိပ်ပြာတစ်စုံလို...

လူတစ်ယောက်ကို ယောင်နနကြည့်ရင်း ကိုယ်တွင်းအင်္ဂါရဲ့ အသိတိုင်း အလိုလိုရပ်တန့်သွားမယ့် ကမ္ဘာတစ်ခုနဲ့. ..။

ဒါက ကျမ်းစာထဲ အညွှန်းမပါတဲ့ အပါယ်တဘုံပဲ။

လှလှပပကင်းပွန်းတပ်တော့...
'ပိုင်ဆိုင်မဲ့ အချစ်'သတဲ့။

အဲ့သည့်ခံစားချက်က...ဂျယ်ယွန်းအတွက်တော့ အသက်မပြည့်ဘဲ ခိုးသောက်ခဲ့တဲ့ ဘီယာဘူးခွံတွေထက် မက်မောစရာသိပ်ကောင်းတယ်။

သက်ဆိုင်သူရှိနှင့်နေသူတစ်ယောက်ကို ကော်ရစ်ဒါလမ်းတွေကနေ ခိုးခိုးငေးရတဲ့ စက္ကန့်အလီလီဟာ သူ့အတွက်တော့ ထောင်ချောက်ထဲက ဒိန်ခဲကိုမှ ခိုးယူလိုတဲ့ မြေကြွက်တစ်ကောင်ထက်မပိုမှန်း...။

သိသိရက်နဲ့ကျူးလွန်လည်း ဒီပန်းနုရောင်ဒုစရိုက်ကို ဘယ်သူကလာပြီး တရေးတယူနိုင်မှာမို့လဲ။


"ဂျယ်ယွန်း"

"မင်း...."

"ကိုယ်ပြောတာ...ကြားရဲ့လား"

ဝေရီမှိုင်းပျပျ နီယွန်မီးစကြားမှာ မျှော်ငေးနေကြ နှုတ်ခမ်းစွေးနီနီများ ခနော်ခနဲ့ဟန် ရန်ပက်လိုက်လေခဲ့သလား။

bartenderဆီ တီးတိုးလှည့်ပြောပြီး သူ့ရှေ့ကိုမှ သီးသန့်ရည်ရွယ်လာတဲ့ မျက်ဝန်းတွေရဲ့မြားဦးမှာ ရင်ဘတ်ဟာ အသံတိတ်စွာ ဆောက်တည်ရာမရ။

ဧကန္တ အသူရာတံခါးရှေ့ ဆောင်ယူကျဥ်းခံလိုက်ရသည်လေအလား။

မဟုတ်သေးပါ။
သူ သည်လူကိုမြတ်နိုးခဲ့မိပြီးတည်းက ငရဲဟာ အနေအထားပေါင်းစုံ ကျခဲ့ပြီးသား...။

"ဂျယ်ယွန်း..."

"မင်းအဆင်ရောပြေရဲ့လား"

"အင်း"
"ပြေတာပေါ့"

နာလန်မထူတော့မယ့်အလားအလာအထိ ယိမ်းထိုးသွားဖွယ်ရှိနေတဲ့ ကချေသည်တွေကွယ်ရာ ဂျယ်ယွန်းဟာ အချစ်ဦးရဲ့ ယစ်ထွေးဖွယ်ရာ စည်းချက်တွေကြား အလျှိုလျှိုငြိမ်ဝပ်ပိပြားရဖို့ အကြောင်းဖန်တယ်။

Will I Ever See You Again? [Completed]Onde histórias criam vida. Descubra agora