ကြမ္မာငင်တယ်ဆိုတာ ဘယ်လိုဘယ်ပုံများလဲ။
နေ့စဥ်နေ့တိုင်း တူညီတဲ့အလုပ်တွေထဲပဲ နာရီလက်တံတွေကို ပျင်းစရာကောင်းလောက်အောင် လည်ပတ်ရတာဖြစ်လိမ့်မယ်လို့တော့ ဂျယ်ယွန်း ဒီတလောသတ်မှတ်ဖြစ်တယ်ထင်ပါတယ်။
မျှခြေညီ စာရင်းအင်းတွေလို ပုံစံခွက်တစ်ခုထဲပဲအံဝင်ခွင်ကျဖြစ်နေတတ်တဲ့ သူ့နေထိုင်မှုက ပျင်းစရာကောင်းမှန်း ညည်းတွားရင်းနဲ့ပေါ့။
အထူးသဖြင့်တော့...။
နာရီစင်ကနေ ခုနစ်နာရီဒေါင်ဒင်မြည်ရင် convenience store တစ်ခုခုထဲ အမောသဟဲပြေးဝင်ပြီး၊ပူပူလောင်လောင်ဖျော်နှပ်ထားစ ကော်ဖီတစ်ခွက်ကို ကပြာကယာမြိုချရတဲ့နံနက်တွေမှာ။
လင်းလွန်းတဲ့ ရပ်ဝန်းတွေထဲ ခြေတိုးဆန့်တော့ အမှောင်အမိုက်ဟာ ကိုယ့်အရိပ်ကလွဲမရှိမှန်းနားလည်လိုက်ရတဲ့ ညတွေမှာ။
အင်း......
ရထားချိန်အမီ တစ်မိနစ်မစွန်းရလေအောင် ချော်မလဲရုံတမယ် အလုပ်အတွက်ပြေးလွှားနေရတဲ့ ကတိမ်းကယိုင်ခြေလှမ်းတွေကစလို့။
တစ်ကိုယ်စာ ကျဥ်းတိကျဥ်းကျုံ့နေနိုင်ရုံသာသာ အခန်းလေးထဲ ပြန်ရောက်တဲ့အခါ အခန်းဖော်တစ်ယောက်နဲ့ ပွားရတဲ့ ပဋိပက္ခတွေတဆုံးမှာပေါ့လေ။
ဂျယ်ယွန်းရဲ့ဘဝမှာ ပြက္ခဒိန်တွေဆီ ဂရုတစိုက်မလှန်လှောဖြစ်ခဲ့တာနှစ်ချီနေပြီ။သီတင်းတစ်ပတ်တာအဆုံးသတ်တိုင်းမှာ တနင်္ဂနွေတွေမလှပခဲ့တော့တာလည်းအတော်ကြာခဲ့ပြီ။
မျှော်လင့်ခြင်းရေရေရာရာမရှိတော့တဲ့အခါ သောကြာညနေတိုင်းရဲ့ လက်ဖ္ဘက်ရည်ဝိုင်းတွေဆီက အာလာပသလာပတီးတိုးသံတွေဟာ ရောင်စုံအမှိုက်သရိုက်ဆိုတာထက် ဂျယ်ယွန်းမတွေးတတ်တော့တာလည်းကြာနှင့်ရောပေါ့။
အထီးကျန်ဆန်ဆန် ရှင်သန်တဲ့အခါ သေဆုံးခြင်းထက် အကျည်းတန်ရမယ့်သဘောတရားက တသီးတသန့်ရှိပုံရတယ်။
ဒါကို နားလည်ရက်နဲ့ အချိန်အများစုမှာ လူတွေဟာပျင်းစရာကောင်းတယ်လို့အတွေးဝင်ခဲ့ရတာအားလုံး ဘယ်သက္ကရာဇ်ထဲကစတင်ခဲ့မှန်းတောင် ဂျယ်ယွန်း မမှတ်မိတော့ဘဲလေ။
ESTÁS LEYENDO
Will I Ever See You Again? [Completed]
Fanficရှာဖွေနေမိတယ်။ ကံကြမ္မာသာ အမှန်တကယ် ရောင်ပြန်ဟပ်ခြင်းနဲ့ အလုပ်လုပ်ခဲ့ရင်တော့..၊ကန်ရေပြင်နား တိုင်တည်ခဲ့သလို ကျနော့်ကျောပြင်ဟာ သူ့အလာ ဝမ်းပန်းတသာ ရပ်စောင့်မိပါလိမ့်မယ်။