2- dynasty

481 76 5
                                    

ခုတလော မြင်ရသမျှ လူတိုင်းဟာ လျော့တိလျော့ရွဲကန့်လန့်ကာနောက်ကွယ်က ကကြိုးရုပ်တွေနဲ့တူလာမှန်း ဂျယ်ယွန်းတေးမှတ်မိလာတယ်။





မြေအောက်ဘူတာရုံရှေ့ ငြီးငြူနေကြ လူကြီးတစ်အုပ်ရဲ့ ခြေဖဝါးတွေအစ၊ ကစားကွင်းတွေထဲအော်ဟစ်ရွှင်မြူးနေတတ်တဲ့ ကလေးငယ်တွေဆီက ခြေဖမိုးတွေအဆုံးထိ။





တပါးလူစိတ်ကျေနပ်မှုကိုရဖို့ ကိုယ့်ကိုယ်ကိုယ်လောင်မြိုက်ခံ တကူးတကတောက်ပပေးရတဲ့ ကြယ်တွေဟာ ကမ္ဘာမြေရဲ့အသုံးတော်ခံဘဝထဲ ရံဖန်ရံခါ ပျင်းစရဆာကောင်းလာကြသလိုမျိုးပေါ့။






"ဟူး..."




လက်ထဲ အတော်လေး အနားထောင့်ကြေနေတဲ့ အစိမ်းရင့်ရောင် အိုရီဂမိစာရွက်တစ်စကို ငိုင်ငေးကြည့်ပြီးနောက် လွှတ်ပစ်ထုတ်ရင်း ဂျယ်ယွန်းအေးအေးလူလူ မေးခွန်းထုတ်တယ်။

ကမ္ဘာမြေမှာ ကဗျာတွေမဲ့တဲ့အခါ လေထုဟာ ဘယ်လောက်များ သနားစရာကောင်းမတတ် ညစ်ညမ်းရလိမ့်မလဲ။









သေချာပေါက် သူ့အမေးတွေကို တယုတယဖြေပေးမယ့် လူတစ်ယောက်ရယ်လို့မရှိပြန်ပေမယ့်။

အထီးကျန်မှုထဲ နေသားကျတဲ့အခါ စွင့်စွင့်ငွားငွားပွင့်လန်းမနေတော့တဲ့ နားစည်ဖျားတွေက နည်းနည်းလောက်မျှော်လင့်နေခဲ့သေးတာ။









ဂျပန်ပြည်ရဲ့ ကျည်ဆန်ရထားတစ်စင်းဟာ တစ်နာရီမှာ ပျမ်းမျှ ကီလိုမီတာ၅၀၀ ချီနိုင်တယ်။ ရွှေလင်းယုန်ငှက်တစ်ကောင်ကတော့ ၂၀၀ခန့်မှန်းဝန်းကျင်လောက်ပေါ့။







ဒါဆို နှစ်ဆယ်ကျော်လူငယ်တစ်ယောက်ရဲ့ ဘဝခြေလှမ်းတွေကရော အကြမ်းဖျင်းအားဖြင့် ဘယ်နှကီလိုမီတာရှိလောက်မှာတဲ့လဲလေ။








တွေးဆမိတော့အချစ်ရေးအချစ်ရာစကားဝိုင်းတွေထဲ ဝင်ထိုင်ရတဲ့အခါ ငပင်းတစ်ယောက်လိုမျိုး ဂျယ်ယွန်းနေသားကျခဲ့တာ အတော်လေးကြာခဲ့ပြီ။တိတိကျကျဆိုရင်တော့ ဆယ်နှစ်။






ဂျယ်ယွန်း တစ်စုံတစ်ယောက်အပေါ် ရူးရူးနှမ်းနှမ်းမှတ်ကျောက်တင်တဲ့ အတ္တမှတ်တိုင်တစ်ခု ဂိတ်ဆုံးခဲ့တာ ဆယ်နှစ်နီးပါးလွန်ခဲ့ပြီ။






Will I Ever See You Again? [Completed]Waar verhalen tot leven komen. Ontdek het nu