စဥ်းစားကြည့်....လိုရာဆွဲတွေးတတ်တဲ့ပါရမီအရာမှာ လူတွေဟာ သင်ယူတတ်မြောက်စရာမလိုဘဲ မွေးရာပါကျွမ်းကျင်တယ်မထင်ဘူးလား။
လက်ဝယ်ပိုင်ဆိုင်လိုက်ရတဲ့ ကံကောင်းခြင်းတွေဟာ ဘုရားသခင်ဆီက ကောင်းချီးမင်္ဂလာဖြစ်ပြီး၊အကျည်းတန်မိနစ်တွေနဲ့ ဒူးတွေ့ရင်တော့ ဒါဟာ အလိုအလျောက်ဝဋ်ကြွေးလို့ ခပ်လွယ်လွယ်ရောထွေးလိုက်ကြတော့တာပဲ။
လူတစ်ယောက်က သူ့တနေ့တာမှာ ကြုံတောင့်ကြုံခဲ မတော်တဆရလိုက်တဲ့ ကံကောင်းခြင်းတွေ ဘယ်လောက်များ အဓွန့်ရှည်စေနိုင်မှာမို့လဲ။
နောက်ကျပြီထင်မှတ်ခါနီး ကပ်သီလေးနဲ့ ချောင်ချောင်ချိချိ ဝင်စီးခွင့်ရလိုက်တဲ့ ဘတ်စ်ကားပေါ်ကနေ ညနေစောင်းရဲ့ နေညိုချိန်ကို ငေးမောသလို...။
မျက်စိရှေ့မြင်ရက်တင် နှုတ်ဆက်ရဖို့အရေးအတွက် အနှေးနဲ့အမြန် စိတ်ထဲအသင့်ပြင်ထားရတာပဲမဟုတ်လား။
အခု ဂျယ်ယွန်း သူ့ရှေ့ကနေ လက်လုပ်ခေါက်ဆွဲတစ်ပန်းကန်ရဲ့လက်ကျန်ဟင်းရည်ကို အားပါးတရမော့နေတဲ့ ကောင်လေးကိုငိုင်ကြည့်ရသလိုမျိုးပေါ့...။
လျှပ်တစ်ပြက်ပေါ်လာပြီး ဘယ်အချိန်ပြယ်လွင့်သွားမယ်မသိနိုင်တဲ့ လူတစ်ယောက်ကို မျက်စိဒေါက်ထောက်ကြည့်ရတာဟာ ပွေလီပွေလိမ်များတဲ့ တိမ်စိုင်တွေထက်တောင်မှ အပြောင်းအလဲမြန်သေးတယ်...။
ငါတို့တတွေ လူတစ်ယောက်ကို တစ်ဖက်သတ် နင့်နင့်သီးသီးချစ်မိသွားမယ့်အခါ မနက်ဖြန်တွေအကြောင်းတကူးတကပုံမဖော်ချင်ကြတော့ဘူး။
မနေ့တုန်းက စာမျက်နှာတွေကို တသသပြန်လှန်လှောရင်းနဲ့တင် ငါတို့ရဲ့ဒီနေ့ခမျာ မောဟပေါင်းစုံကြား သောက်လုပ်ရှုပ်နေတော့တာ။
"ထင်သလောက် စားရတာခံတွင်းမတွေ့ဘူး။အသက်ကြီးလာလို့နေမယ်"
"မင်းရောက်နေတာ အာရှမြေမှမဟုတ်တာဘဲအီသန်ရဲ့။အနီးစပ်ဆုံးတူတာတင် ကျေးဇူးတင်နေသင့်ပြီ"
KAMU SEDANG MEMBACA
Will I Ever See You Again? [Completed]
Fiksi Penggemarရှာဖွေနေမိတယ်။ ကံကြမ္မာသာ အမှန်တကယ် ရောင်ပြန်ဟပ်ခြင်းနဲ့ အလုပ်လုပ်ခဲ့ရင်တော့..၊ကန်ရေပြင်နား တိုင်တည်ခဲ့သလို ကျနော့်ကျောပြင်ဟာ သူ့အလာ ဝမ်းပန်းတသာ ရပ်စောင့်မိပါလိမ့်မယ်။