လူ့ဘဝဟာ အသက်တစ်ရက်ကြီးလာရတဲ့အခါ ပြောင်းပြန်အချိုးကျစွာ မနက်ဖြန်မှာပြန်လည်နိုးထနိုင်ဖို့ မျှော်လင့်ချက်တွေ ရာခိုင်နှုန်းကျဆင်းသွားတဲ့ ကစားပွဲတစ်ခုဆိုရုံပါ။
သည်လိုဘဝတွေကနေ တစ်စုံတစ်ယောက်ကို သဘောကျရတာကတော့ ဗလာဟင်းလင်းပြင်ဖြစ်နေတဲ့ စက္ကူဖာတွေထဲ ရောင်စုံဖန်လုံးတွေကို ကျမကွဲသွားအောင် ဂရုတစိုက်ထုပ်ပိုးရသလိုပဲ။
ဂျယ်ယွန်းအတွက်တော့ ငယ်ဘဝထဲ အီသန်ကို ပထမဆုံးမြင်ခိုက်ရချိန်နဲ့ အခုလိုလူလတ်ပိုင်းအရွယ်မှာ ပြန်လည်ဆုံကြိုက်ရတဲ့အီသန်မှာ ပြောင်းလဲရိပ်မရှိစွာ သူအမြဲဂရုတစိုက်ထိန်းသိမ်းရမယ့် ရောင်စုံဖန်လုံးလေးတွေပွေ့ပိုက်ထားနိုင်သေးတယ်။
နှလုံးသားထဲ ခလုတ်ကန်သင်းတိုက်မိရုံနဲ့ ကျကွဲသွားနိုင်မယ့် အပြာရောင်ဖန်လုံးတွေရဲ့ ဝမ်းနည်းစေခြင်းအခရာကို အီသန်ပိုင်ပါတယ်။
လက်ပိုက်မျှော်ငေးရုံကလွဲ မတတ်သာမယ့် သုံ့ပန်းတစ်ယောက်အတွက် အဝါရောင်နေကြာပျိုးတစ်ခင်းနဲ့တူတဲ့ ပျော်ရွှင်မှုဖန်လုံးလေးရဲ့ ဇာတ်မြစ်ကိုလည်း စမ်းစစ်ကြည့်တော့ အီသန်ပိုင်ပြန်တာ။
မီးပွားတွေလို အချိန်တိုတစ်ခုအတွင်း အတောက်ပဆုံးလင်းလက်ပြီး၊ပြတ်ထွက်ပျက်စီးသွားမယ့် ဆက်ဆံရေးမျိုးလောက်သာ နှီးနှောရမယ်ဆိုရင်တောင် တဖက်လူဟာ အီသန်ဖြစ်နေတယ်ဆိုရုံတင် ဂျယ်ယွန်းအတွက်တော့ အရာရာအဆင်ပြေတာထက် သာလွန်ရတယ်။
အချစ်ဟာ လွယ်လွယ်ပျက်စီးဖို့သက်သက် ပေါက်ဖွားလာတဲ့ အမှိုက်ထုပ်တစ်ခုဆိုခဲ့ရင်တောင် ဂျယ်ယွန်းက အီသန်အတွက်ဆို အမှိုက်ပုံးအဖြစ် စတေးခံပစ်မှာပါပဲ။
'ဂျယ်ယွန်းအားရင် အောက်ထပ်ဆင်းခဲ့ပါလား'
'ဒီမှာ တရုတ်ဟင်းတစ်မျိုး စမ်းချက်ကြည့်တာ မင်းကိုမြည်းစေ့ချင်လို့လေ'
ESTÁS LEYENDO
Will I Ever See You Again? [Completed]
Fanficရှာဖွေနေမိတယ်။ ကံကြမ္မာသာ အမှန်တကယ် ရောင်ပြန်ဟပ်ခြင်းနဲ့ အလုပ်လုပ်ခဲ့ရင်တော့..၊ကန်ရေပြင်နား တိုင်တည်ခဲ့သလို ကျနော့်ကျောပြင်ဟာ သူ့အလာ ဝမ်းပန်းတသာ ရပ်စောင့်မိပါလိမ့်မယ်။