9 - drizzle

264 51 18
                                    

' I know we don't fly the way bats do,
but we operate at night.
Might we be a type of bat?'






လှန်လှောထားတဲ့ Gossamer စာမျက်နှာထံအံသေနေသားကျခဲ့သည့်အာရုံအလုံးစုံကနေ ဂျယ်ယွန်း အောက်ထပ်ခန်းက ပျံလွင့်လာရာ စကားသံတွေကြောင့် ဥဿုံမှေးမှိန်စပြုကာ သဝေထိုးဖို့စတင်ရတယ်။



ဘာတွေတီးတိုးပြောဆိုကြမှန်းမသိပေမယ့် မဟောဂနီဆံစတွေ ဝေ့ဝဲရာအနားသတ်က အမျိုးသမီးငယ်တစ်ဦးနဲ့ ဆက်နွယ်နေတဲ့ အီသန်ရဲ့ မျက်ဝန်းရိပ်ယောင်တွေမှာ ရှုပ်ထွေးမှုကို တနင့်တပိုးထမ်းထားရသယောင် လေးလံယဲ့ယဲ့ မှိုင်းပျနေတော့တာ။







အီသန်ကိုကြည့်ရတာဟာ အဲ့သည့်အမျိုးသမီးကို မဖြစ်မနေရှောင်လွှဲမရတာမို့ အားတင်းပြီးလုံးပန်းနေတဲ့ ဇာတ်ဆောင်တစ်ယောက်လိုပဲ။





ငေးမြင်နေကြ မျက်ဝန်းအိမ်တွေမှာ ငယ်ငယ်ကလို အားအင်အပြည့်နဲ့ ပျားတစ်ကောင်မဟုတ်တော့ဘူး။

ကံကြမ္မာရထားလမ်းတနေရာကနေ ရှောင်လွှဲလို့မရမယ့် ဇလီဖာတုံးတစ်ခုကိုတွန်းတိုက်မိတာကြောင့် နာကျင်ရလည်း အသံဆက်တိတ်ရဦးမယ့် လမ်းပျောက်သူလိုပဲ။






မလည်ချင်တဲ့အင်ဂျင်တွေကနေ ရှိစုမဲ့စုအားအင်တွေကို မိုင်ကုန်တင်ကာ မောင်းနှင်နေရတဲ့ ကားအိုတစ်စီးလောက်နီးနီး အပြုံးတွေမှာ ချုံးချုံးကျနေခဲ့တယ်။









"ကျနော်နောက်မှပြန်ဆက်သွယ်လိုက်ပါ့မယ်"







အဖြူရောင်ဇိမ်ခံကားတစ်စီးပေါ် ကြွကြွရွရွတက်လှမ်းသွားတဲ့ ဥပေက္ခာကောဇောထက်က ဖိနပ်နီတွေ။







ကိုယ်တချိန်လုံး ဖူးဖူးမျှော်မတတ်မြတ်နိုးရသူဟာ ကိုယ်မဟုတ်တဲ့ လူတစ်ယောက်ရှေ့မှောက်မှာ အောက်ကျို့နေတာကို မြင်တွေ့ရတွေ့အခါ လူတွေဘယ်လိုတုန့်ပြန်လေ့ရှိကြလဲ ဂျယ်ယွန်းတပ်အပ်တော့ နားမလည်ပါဘူး။






အခုချိန်မှာ မျက်စိရှေ့ မြင်တဲ့ အီသန်ကိုကြည့်ပြီး စိတ်တွေသိပ်ခံပြင်းလာနေရတာကိုပဲ ဂျယ်ယွန်းဦးနှောက်ရဲ့ systemတွေက အလုပ်လုပ်နေတော့တာမို့....။




Will I Ever See You Again? [Completed]Tempat cerita menjadi hidup. Temukan sekarang