'Shadow'
*တီးတောင်*
*တီးတောင်*
*တီးတောင်*
အဆက်မပြတ်ထွက်ပေါ်နေတဲ့လူခေါ်ဘဲလ်သံကြောင့် ဟာအိုမီးဖိုခန်းကနေ အမြန်ပြေးထွက်လာရသည်
"ဘယ်သူမို့အဲ့လောက်နှိပ်နေရတာလဲမသိဖူး"
ဟာအိုလည်းဆူပုတ်ပုတ်ဖြင့်ပြောလိုက်မိသည် ဟန်ဘင်းကတော့အိမ်မှာမရှိ ကျောင်းမှာဂျူနီယာလေးတွေကို အကသင်ပေးရမှာရှိလို့ဆိုပြီး စောထွက်သွားသည် ဟာအို့အတန်းချိန်ကတော့နေ့လည်မှမို့ နေ့လည်စာအိမ်ကတစ်ခါထဲစားသွားမို့ ကြံရွယ်တာကြောင့် တစ်ခုခုကိုပြင်ဆင်နေခြင်းဖြစ်သည်
"ဘယ်သူလဲမသိဖူး"
ဟာအိုတံခါးဖွင့်လိုက်တော့ ဟာအို့ထက်ငယ်မည့်ပုံပေါ်သည့် ကောင်မလေးတစ်ယောက်ကိုမြင်လိုက်ရသည် ဒူးဖုံးဂါဝန်အပြာနုလေးကိုဝတ်ထားသည့် ကောင်မလေးက ဟာအို့ကိုနားမလည်သလို ပြူးကြောင်ကြောင်လေးကြည့်နေရာမှ တစ်ခုခုကိုသဘောပေါက်သွားသလို ခေါင်းငြိမ့်ရင်း ဟာအို့ကိုပြုံးပြလာသည်မို့ ကြောင်တောင်တောင်ဖြင့် ပြန်ပြုံးပြလိုက်ရသည်
"ကျန်းဟာအိုထင်တယ်"
"ဟင် ကျွန်တော့်ကိုဘယ်လိုသိတာလဲ"
"ကိုကိုမရှိဖူးလား"
"ဘယ်သူ့ကိုရှာနေတာလဲ"
"ဆောင်းဟန်ဘင်းလေ"
ဟာအိုဘာမှပြန်မပြောမိဘဲ ပါးစပ်အလေးအနည်းငယ်ဟကာကြောင်နေမိသည် ထိုသည်ကိုပင်သူ့ရှေ့က မိန်းကလေးကဘာထင်သွားလဲမသိ ပါးကိုလာဆွဲကာချစ်စရာလေးဟုပင်ပြောသွားသေးသည်
"ညီမကချွဲဟာနာပါ အိမ်ထဲဝင်လို့ရတယ်မှတ်လား"
"ဟင် အင်းဝင်လေ"
ချွဲဟာနာဆိုတဲ့ မိန်းကလေးကိုဟာအို သိသည် ဟန်ဘင်းနဲ့ပြသာနာဖြစ်တဲ့နေ့က ဟန်ဘင်းမေမေပို့တဲ့ messageတွင်ထိုမိန်းကလေး နံမည်ကိုမြင်ဖူးသည်
"မွှေးနေတာဘဲနော် တစ်ခုခုများချက်နေတာလား"
"အာ နေ့လည်စာအတွက်မာလာထန့်ပါ"
ŞİMDİ OKUDUĞUN
SHADOW (Complete)
Hayran KurguI'm your shadow "bin" Main couple-binhao Side couples-ppusamz,shentaerae,gyujin