Unicode
{ A/N Description ဟူသည် ၀တ္ထုဇာတ်ကြောင်းအား အကျဉ်းချုပ်ရုံသာ ဖြစ်ကာ အပြည့်အ၀ တူညီလိမ့်မည် မဟုတ်ပေ။ }
သရဲမွေးတယ် ဆိုတာကို ကြားဖူးကြလား ....
အခုခေတ်ကြီးထဲမှာ မရှိသလောက် ရှားနေခဲ့ပြီ ဆိုပေမယ့် ကျော်လွန်ခဲ့တဲ့ နှစ်များဆီမှာတော့ အတော်လေး တွင်ကျယ် ခဲ့တဲ့ အတတ် တစ်မျိုးလို့ ဆိုနိုင်လိမ့်မယ် ...
၁၉xx ခုနှစ်များက မေမြို့၏ အရေးပိုင်မင်း နေထိုင်သော စံအိမ်တော်မှာ တစ္ဆေလေး မွှေးထားသည် ဟူသည့် ကောလဟာလများ တွင်ကျယ်ခဲ့တယ် ...
အမှန်တကယ်လား ... ဒီတိုင်း ကောလဟာလ လားဆိုတာကိုတော့ မည်သူမှ သေချာ အတည်မပြုနိုင်ခဲ့ကြ ...
နှစ်များစွာ ကုန်လွန်၍ ကောလဟာလ၊ အတင်းအဖျင်းသတင်းများက တိမ်မြုပ်ပျောက်ကွယ်သွားကာ ထိုစံအိမ်သည်ပင် မိသားစု အဆင့်ဆင့် လက်ဆင့်ကမ်းခဲ့ကြကာ အမွေခံ
စံအိမ်ကြီး အဖြစ် ပြောင်းလဲနေခဲ့ပါပြီ ...အဆင့်ဆင့်သာ လက်ဆင့်ကမ်းလာကြသော်ငြား စံအိမ်ကြီး၏ တစ်ခုသော အခန်းကိုမူ မည်သူကမှ ဖွင့်နိုင်ခြင်း မရှိကြသလို ဖွင့်ဖို့လဲ အထူးတလည် မကြိုးစားကြကာ ထိုအခန်းလေးက အမေ့ခံ အခန်းလေးအဖြစ် မေ့မေ့ပျောက်ပျောက် ဖြစ်လာခဲ့ပေတော့သည်။
သို့သော်ငြား အမေ့ခံအခန်းလေးအဖြစ် နှစ်ပေါင်းများစွာ အပိတ်ခံထားရသော အခန်းလေးအတွင်းတွင် မည်သည့် ဖှုန်မှုန့်များမှ မရှိနေကာ သက်ရက်နေပြီး နေ့တိုင်း သေချာဂရုစိုက် ထိန်းသိမ်းထားသည့် အခန်းလေးလိုမျိုး သန့်ရှင်းနေပေသည်။
ထိုအခန်းထဲ၌ မှန်ဘောင်ကြီးတစ်ခုသည် အခန်း၏ အလယ် ဗဟိုတွင် ဝံ့ကြွားစွာ နေရာ ယူထားသည်။ ထိုမှန်ဘောင်ထဲ တွင်တော့ ထူးထူးခြားခြား တန်ဖိုးကြီး ပစွည်းမျိုး ရှိနေသည်မဟုတ်။
ဒီတိုင်း ကြွေပုလင်းလေးတစ်အိုးသာ နေရာယူ၍ ထားသည်။
သာမာန် အဖြူရောင် ပုလင်းလေးသာ ဖြစ်ပြီး လှပသည်မှာ အမှန်ပေမယ့် မှန်နဲ့ဘောင်နဲ့ အခန်းသီးသန့်ပေးရအောင်ထိတော့ တန်ဖိုးကြီးသည်ဟု ဟူ၍ မဆိုသာပေ။
YOU ARE READING
ငါသရဲရှိတဲ့အိမ်ကို အမွေရလိုက်တယ်! { ကြိုး }
Romance[ အကြောင်းအရာ လူ နှင့် ဝိညဉ် ဒီဘက်ခေတ် နှင့် အရင်ခေတ် အရေးပိုင်မင်း နှင့် သခင်ငယ်လေး ပြင်ဦးလွင် ခေါ် မေမြို့ ၁၉×× များဆီ ... ကြိုး ... ]