အပိုင်း ( ၂ )

128 16 0
                                    

Unicode

အိမ်ရှင်းတာသည် အမှန်ပင် တစ်ရက်ထဲနှင့် ပြီးသွားခဲ့ပါသည်။ လူအင်အား အတော်လေး သုံးခဲ့သည်မို့ ခြံထဲရှိ ခြုံပုတ်များသည်ပင် ရှင်းလင်းသွားကာ သုရာ မြင်မြင်ချင်း လွှတ်နေသည့် ကွင်းပြင်ထံတွင်ပန်းပင်များ စိုက်ဖို့ တွေးလိုက်သည်။

ဘာကြောင့်ရယ်မသိ သူ့စိတ်ထဲ ပေါ်လာသည်မှာ နီနီရဲရဲ နှင်းဆီပန်းခင်းကြီး ဖြစ်ပြီး ခြံ၀င်းကြီးအား နှင်းဆီ ပန်းခင်းကြီး အဖြစ် ပြောင်းလဲ ပြစ်လိုလာသည်။

သူသဘောကျ ရွှေးချယ်ခဲ့သည့်အခန်းမှာ ၀ရံတာဘေးမှ အခန်းဖြစ်ရာ အလွန်လဲ ကျယ်၀န်းသည်။ အေးမြမြလေပြေအေးက သူ့နှာထိတ်ဖျားကိုပင် အေးစက်လာစေကာ သူအခန်းထဲသို့ ပြန်၀င်လာလိုက်သည်။

အခန်းထဲတွင် အများစုက ပန်းချီကားချပ်များ ဖြစ်သည်။ နံရံတိုင်း လိုလိုတွင် ရှုခင်းပုံ ပန်းချီကားများအား ချိတ်ဆွဲထားကာ ဆိုဒ်အစုံပင်။ အမှန်တွင် ပန်းချီကားများက ဒီအခန်းတစ်ခန်းထဲတွင်သာ ရှိနေခြင်း မဟုတ်ပဲ အခန်းတိုင်းမှာ ရှိနေတာပါ။

မှန်းကြည့်ရလျှင် အရင်နေထိုင်ခဲ့သူများတွင် ပန်းချီဆွဲရသာ နှစ်သက်သူ ရှိနေပါလိမ့်မည်။ ပန်းချီများက ပညာရှင် အဆင့်လောက်ထိ မဟုတ်တာမို့ ဝါသနာရှင် ဆရာလေးတစ်ဦး ဆွဲထားသည်ဟုသာ သုရာ အကြမ်းဖျင်း မှတ်လိုက်သည်။

သူကားချပ်တစ်ခုချင်းဆီအား အနီးကပ်လိုက်ကြည့်ရင်း ‌ပန်းချီကားတိုင်း၏ အောက်ဖက်ထောင့်ရှိ လက်မှတ်ဟု ထင်ရသည့် အမှတ်အသား တစ်ခုအား သတိထားမိပေသည်။ မှင်နီဖြင့် ကွေးကောက်ကောက်လျှောက်ခြစ်ထားပုံ ပေါ်သော်ငြား ကားချပ်တိုင်းတွင် ရှိနေသည်မို့ လက်မှတ်သာ ဖြစ်ပါလိမ့်မည်။

ဘာရယ်မဟုတ် ထိုနေရာသို့ သူ့လက်ကို တင်လိုက်ကာ မှန်ဘောင်ပေါ်မှတဆင့် ပွတ်သပ်ကြည့်မိသည်။

" ချွင်! ချွင်! "

သုရာနားထဲ အသံတစ်ခုအား ကြားလိုက်ရသည်ဟု ထင်ပြီးမကြာမီ နှင်းဆီပန်း ရနံ့တစ်ခုသည် သူ့နှာခေါင်းထဲသို့ ခပ်ဖျော့ဖျော့ ၀င်ရောက်လာခဲ့တော့သည်။

ငါသရဲရှိတဲ့အိမ်ကို အမွေရလိုက်တယ်! { ကြိုး }Where stories live. Discover now