Unicode
ခရီးပမ်းလာခဲ့သမျှ ရောက်တာနှင့် ထိုးအိပ်ခဲ့သည်မို့ နောက်တစ်နေ့ မနက်စောစော တွင်ပင် သူနိုးလာခဲ့သည်။
ထူးထူးဆန်းဆန်း ကြည်လင်နေတဲ့ စိတ်တို့က ပြင်ဦးလွင် မှာ ဖြစ်သည်ဆိုသော အသိစိတ်ကြောင့်မို့ထင့်။ ငယ်စဉ်ကတည်းက သူအကြိုက် အနှစ်သက်ဆုံး နေရပ်မှာ ပြင်ဦးလွင် ဖြစ်နေခဲ့တာလေ။
မိဘစီးပွားရေး အတိုးအချဲ့ကြောင့် ရန်ကုန်တွင်သာ အခြေချ ကြီးပြင်လာခဲ့ရသော်ငြား နွေရာသီကျောင်းပိတ်ရက်တိုင်း မဖြစ်မနေ ခိုနားရသည်က သူမွေးဖွားရာ ဒီအရပ်လေး။
အေးစိမ့်နေတာမျိုး မဟုတ်ပဲ နေလို့ကောင်းသည့် ရာသီဉတုလေးက သူ့ရဲ့ တစ်နေ့တာလုံးကို စိတ်ချမ်းသာနေစေတာပါ။
ပြင်ဦးလွင်ရောက်တာနဲ့ ပုံစံတစ်မျိုး ပြောင်းသွားတတ်တဲ့ သူ့ကို သူငယ်ချင်းများက အံ့ဩတကြီးဖြစ်ကာ စနောက်တတ်ကြသေးသည်။ ရန်ကုန်မှသူသည် လူငယ်သဘာ၀ အလွန်အကျွံမဖြစ်သည့် မည်သည့်ကိစ္စမဆို စိတ်၀င်တစား လုပ်လေ့ရှိကာ ပြင်ဦးလွင်ရောက်လျှင်တော့ တည်ငြိမ်သည့် သက်လတ်ပိုင်း အမျိုးသားအဖြစ် ကူးပြောင်းအသွင် ယူသွားတတ်သည်လေ။
ပြင်ဦးလွင်မှ သူသည် တစ်နေ့တာအား အလွန်ပင် အေးချမ်းစွာ ကုန်ဆုံးတတ်ကာ စာအုပ်ဖတ်ခြင်းနှင့် စက်ဘီးပတ်စီးခြင်းတို့ထံတွင် အချိန် ပိုဖြုန်းလေ့ ရှိသည်။
သူဟာ သူရဲ့ နွေရာသီတိုင်းကို ပြင်ဦးလွင်က မိဘနှစ်ဦးပိုင် အိမ်ကြီးတွင် တည်းခိုအနားယူလေ့ရှိကာ ဒီနှစ်ကတော့ ကွဲပြားသွားတော့မည် ထင်သည်။
မာမီနဲ့ ဒယ်ဒီက အခုလက်ရှိအိမ်တွင် နိုင်ငံခြားမှ လာမည်ဖြစ်သော ဧည့်သည်များ တည်းဖို့ စီစဉ်ထားသည်တဲ့လေ။ သူဟာ ပုန်ကန်တတ်သော အရွယ်ဖြစ်သည်နှင့်အညီ ထိုကိစ္စကြောင့် စိတ်မကြည်ဖြစ်ခဲ့ရကာ မာမီတို့အား လျစ်လျူရှုထားခဲ့ပေသည်။
မပြောမဆို ထွက်လာခဲ့သည့် သူ့အား ပြင်ဦးလွင်ထဲ ၀င်မှ ဒီအကြောင်းကို လှမ်းပြောလာသူက မာမီ။ မာမီက ချော့မော့ ပြောနေပေမယ့် အိမ်က ဧည့်သည်တွေ တည်းဖို့ ဟူ၍သာ ရှေးရှုနေခဲ့တာ။
အရွဲ့တိုက်ကျင့်ရှိတဲ့ သူက ဒီအိမ်ကိုသာ စိုက်စိုက်မြိုက်မြိုက်ရောက်လာခဲ့ပြီး တစ်ချိုးထဲ တန်းအိပ်ပြစ်ခဲ့သည်။
YOU ARE READING
ငါသရဲရှိတဲ့အိမ်ကို အမွေရလိုက်တယ်! { ကြိုး }
Romance[ အကြောင်းအရာ လူ နှင့် ဝိညဉ် ဒီဘက်ခေတ် နှင့် အရင်ခေတ် အရေးပိုင်မင်း နှင့် သခင်ငယ်လေး ပြင်ဦးလွင် ခေါ် မေမြို့ ၁၉×× များဆီ ... ကြိုး ... ]