Unicode
ကြိုး အိမ်ပေါ်က ဆင်းလာသည့်အချိန် လူတိုင်းက အလုပ်ရှုတ်နေကြပုံပေါ်သည်။ ရှုတ်ဆို ဒီနေ့က မမ ဘိလပ်ကနေ ပြန်လာမည့် နေ့ဖြစ်သောကြောင့်သာ။
သူကိုယ်တိုင်မှလဲ စိတ်လှုပ်ရှားနေရကာ မတွေ့တာကြာပြီဖြစ်သော မမကို လွန်စွာ သတိရလှသည်။ အထူးတလည်အနေနဲ့ မမကိုယ်တိုင် ထိုးပေးခဲ့ဖူးသော သိုးမွေးဆွယ်တာအား သူ၀တ်ဆင်ထားကာ မမကို ကြိုချင်သည်။
ဆွယ်တာကို မမက ခပ်ကြီးကြီးထိုးပေးခဲ့တာမို့ လည်ပင်းကဆို သူ့မေးစေ့ထိဖုံးနိုင်ကာ လက်နေရာများအတွက် လက်ဖမိုး တစ်၀က်ကျော်ထိ ဖုံးထားနိုင်သည်။
သူ့ထံတွင် အားလုံးနဲ့ မတူကွဲကာ သိသာထင်ရှားသည့် အဖြူရောင်ဆံပင်များ ရှိနေသောေကြာင့်အကျင့်အတိုင်း လည်ပင်းမှ အကျီစကိုဆွဲလျှက် မျက်နှာတစ်၀က်ကို ဖုံးအုပ်လိုက်မိသည်။
သူအခု အိမ်မှ ခိုးထွက်မလို့ပါ။ အမြဲလုပ်နေကြတော့ မဟုတ်သော်ငြား ရံဖန်ရံခါ သူလုပ်တတ်ကာ အနည်းငယ် ကျွမ်းကျင်နေပြီဟု ဆို၍ရမလား…။
အိမ်ရှေ့သို့ရောက်သည်အထိ သူ့အား ဘယ်သူမှ သတိမထားမိတာ သေချာသွားချိန် နှုတ်ခမ်းပါးလေးက လှစ်ခနဲ ကော့ညွှန့်သွားကာ ကြွေရောင် စီတန်းတန်း သွားလှလှလေးများက ဂုဏ်ယူစွာ လှစ်ဟလာခဲ့တော့သည်။
သူ့နားရွက်များထိ ဖုံးအုပ်နိုင်သော သိုးမွေးအုပ်ထုတ်အား စောင်းလိုက်ကာ သူ့ဆံပင်များအား ဖုံးကွယ်ချင်ခဲ့သည်။ အမှန်တော့ ဦးထုတ်ကလဲ အဖြူရောင်မို့ သေချာသာ မကြည့်နေရင် ဆံပင်များအား သတိထားမိမည် မဟုတ်ပါ။
ထိုကဲ့သို့ သတိမထားမိရအောင်လည်း သူဟာ သူ့ရဲ့ဆံပင်ရှည်တို့အား စည်းနှောင်ခဲ့ပြီးသားလေ။ ဂုတ်ထောက်လောက်သာ ရှိသော ဆံပင်ဆိုသော်ငြား အုံထူပြီး လှိုင်းတွန့်များလိုပါကောက်နေသေးချိန် သူ့ဆံပင်ဟာ ဖုံးကွယ်လိုပါက စည်းမှသာ ဖြစ်တော့မှာ ဖြစ်သည်ပင်။
သိုးမွှေးဦးထုတ်မှ ရှည်ကျနေသော ကြိုးနှစ်ချောင်းကို မေးစေ့အောက် သေချာ စည်းနှောင်ဖို့ ခုနက ဖုံးအုပ်ထားမိသော အကျီကို ပြန်ဆွဲချရသည်။
YOU ARE READING
ငါသရဲရှိတဲ့အိမ်ကို အမွေရလိုက်တယ်! { ကြိုး }
Romance[ အကြောင်းအရာ လူ နှင့် ဝိညဉ် ဒီဘက်ခေတ် နှင့် အရင်ခေတ် အရေးပိုင်မင်း နှင့် သခင်ငယ်လေး ပြင်ဦးလွင် ခေါ် မေမြို့ ၁၉×× များဆီ ... ကြိုး ... ]