အပိုင်း ( ၈ )

88 13 0
                                    

Unicode

" ကိုကိုကြီးနဲ့ မမက ဘယ်လိုတွေ့ကြတာလဲဟင် "

မိလှိုင် ယူလာပေးသည့် ခေါပုတ်ကျော်နှင့် လက်ဖက်ရည်အား မနက်စာအဖြင့်စားရင်း ထိုင်ကြည့်နေသော ကိုကိုကြီးထံ စကားစလိုက်သည်။

ကြိုးကို ဖေဖေက အခန်းထဲမှာပဲ နေစေတာမို့ အပြင်မထွက်မိ။ အိမ်အောက်ထပ်တွင် ဧည့်သည်များ လာမည်ဟု သိထားရာ သူကိုယ်တိုင်လည်း လူများတာကို မကြိုက်တာမို့ အောက်မဆင်းတော့ဖို့ ဆုံးဖြတ်လိုက်ခြင်းသာ။

ချည်သားအဖြူရောင် ၀မ်းစပ်လေးကို ၀တ်ဆင်ထားပြီး ဆွယ်တာချည်ထိုး အကျီအား အပေါ်တွင် ထပ်၀တ်ထားကာ သိပ်မအေးပေမယ့် ခပ်စိမ့်စိမ့်ဖြစ်နေသော ရာသီဉတုအား ခုခံကာကွယ်သည်။

ခပ်ထူထူအုပ်အုပ် ဆံပင်များအား လက်ဖြင့်သာ ဖြစ်သလို ဖြီးသင်ထားပြီး ကြိုး ပုံစံမှာ အနည်းငယ် စိတ်မပါသလိုမျိုး အမူအယာ ဖြစ်သည်။

သို့သော် ကြည်နေသော မျက်၀န်းအိမ်က တလက်လက်ထနေကာ အမှန်တကယ် သိချင်နေပုံရပြီး စိတ်၀င်းတစား ရှိနေခဲ့သည်။

သူဟာ သူ၏ မြစိမ်းရောင် မျက်လုံးများထဲသို့ ထိုပုံရိပ်လေးအား ထိုးသိပ်ထည့်လုမတပ်ကြည့်ပြီးနောက် ခေါင်းကို ငုံ့လ်ုက်ကာ ကြင်နာသာ အပြုံးကို လှစ်ဟာပြသည်။

" ကျောင်းမှာ … အင်း…၊ ကျိုင်းရဲ့ အိပ်ဆောင်နာရီလေးကို ကိုယ်ကောက်ရခဲ့တာ၊ အဲ့နောက် ပြန်ပေးရင်းနဲ့ … နားလည်တယ်မလား "

ကိုကိုကြီးက ခပ်ဟဟရယ်လိုက်ရင်း ပြောတော့ ကြိုး သဘောပေါက်စွာ ခေါင်းတစပ်စပ်ညိတ်ပြရသည်။

" အဲ့ အိပ်ဆောင်နာရီကို သိတယ်၊ မမမသွားခင်က ဖေဖေ ပေးခဲ့တာလေ၊ ဪ့… ပြီးတော့ မှတ်မှတ်ရရ နာရီထဲမှာ- "

" ကြိုး ရဲ့ပုံရှိတယ် "

သူပြောမလို့ ရှိသေး ကိုကိုကြီးက ကြိုသိနေစွာ ပြောလာသော အံ့ဩသွားကာ မျက်လုံးလေးပင် ဝိုင်း၍ သွားရသည်။ အမှန်လဲ ဟုတ်ပါတယ်၊ ဖေဖေပေးလိုက်တဲ့ နာရီထဲမှာ သူ့ရဲ့ ဓာတ်ပုံရှိပြီး မမ ဘိလပ်မသွားခင် တစ်ပတ်အလိုမှာ အလွမ်းပြေကြည့်ရအောင် ဓာတ်ပုံဆရာအား ခေါ်၍ အိမ်တွင် ရိုက်ယူခဲ့တာ။

ငါသရဲရှိတဲ့အိမ်ကို အမွေရလိုက်တယ်! { ကြိုး }Where stories live. Discover now