Unicode
" သားကို ချပေးပါ၊ ကိုယ့်ဘာသာ လျှောက်လိုက်ပါ့မယ် "
အပေါ်ထပ်သို့ မတပ်မှီ လှေကားရင်း၌ ခန္ဓာကိုယ်အား အနည်းငယ် ရုန်းကာ ပြောမိသည်။ အပြစ်လုပ်ထားမိတာ ကိုယ်ပဲမို့ သိပ်တော့ မဝံ့ရဲလှ။
သူရေခဲမှုန့် စားခွင့် အကန့်အသတ်ရှိသည်ကို ကိုကိုကြီး သိနေလိမ့်မည်ဟု မထင်ထားခဲ့ပါ။ သူရုန်းနေတော့ ကိုကိုကြီးလက်တို့ ပိုတင်းကြပ်သွားကာ မချပေးခဲ့ပါချေ။
နားမလည်စွာ ကြည့်မိတော့ ကိုကိုကြီးက မျက်နှာသိပ်မကောင်းပေ။ ထို့ကြောင့် ကြိုးတိတ်တဆိတ်နေလိုက်ဖို့ကိုသာ ရွှေးချယ်လိုက်တော့သည်။
သူ့အခန်းထဲရောက်မှ သူ့အား ကုတင်ပေါ်ချပေးခဲ့ပါသည်။ ကုတင်ခြေရင်းတွင် ထိုင်နေမိရင်း ခေါင်းကို သူငုံ့ထားမိပေသည်။
သူ့ရှေ့က လှုပ်ရှားသံတစ်ချို့နှင့်အတူ ခေါင်းငုံ့ထားသည့် သူ့မျက်နှာနှင့် တန်းတူ ဖြစ်နေသော ကိုကိုကြီး မျက်နှာ။
" ကိုကိုကြီး!! "
ကိုကိုကြီးက ဒူးနှစ်ဖက်စလုံးအား ကြမ်းပြင်ထက်ထောက်ချကာ သူ့ရှေ့တွင် ထိုင်ချလိုက်တာပါ။ ကြိုး အလန့်တကြား ဖြစ်သွားရကာ ခန္ဓာကိုယ်က နောက်သို့ ဆုတ်မိသွားတော့ ပြန်ဆွဲထားသည့် ကိုကိုကြီး။
" ကိုကိုကြီး … ဘာလို့ အောက်မှာကြီး ထိုင်နေတာလဲ၊ ထပါ၊ သားငရဲ ကြီးနေပါ့မယ် … "
သူကသာ စိုးရိမ်တကြီး ပြောမိပေမယ့် ကိုကိုကြီးကမူ မလှုပ်။ အဲ့ဒီအစား သူ့ကိုသာ ကြည့်နေကာ ခနကြာပြီးသွားမှ ရှေ့တွင်ချထားသော သူ့လက်ကို ကိုင်ကာ
" ကိုယ်မကြိုက်ဘူး "
" ဗျာ … "
" တခြားသူတွေနဲ့ စကားပြောတာကို ကိုယ်မကြိုက်ဘူးလို့! "
ပြောနေရင်း မာလာသည့် လေသံကြောင့် ကြိုး ကြောင်အ၍ သွားသည်။ မယုံကြည်နိုင်သလိုသာ ကိုကိုကြီးအား မျက်လုံးဝိုင်းများဖြင့် ကြည့်နေမိပြီး ဘယ်လို တုန့်ပြန်ရမည်မှန်း မသိတော့။
" တခြားသူတွေကို မပြုံးပြနဲ့ "
" … … … "
ကိုကိုကြီးကိုင်ထားသည့် သူရဲ့လက်ကောက်၀တ်နေရာ၌ တင်းကြပ်လာမှုကို ခံစားမိလိုက်သည်။မျက်နှာလေးထပ်လဲ မသိမသာ ရှုတ်မဲ့၍သွားကာ ဘာမှတော့ မပြောရဲ့ခဲ့ပေ။
YOU ARE READING
ငါသရဲရှိတဲ့အိမ်ကို အမွေရလိုက်တယ်! { ကြိုး }
Romance[ အကြောင်းအရာ လူ နှင့် ဝိညဉ် ဒီဘက်ခေတ် နှင့် အရင်ခေတ် အရေးပိုင်မင်း နှင့် သခင်ငယ်လေး ပြင်ဦးလွင် ခေါ် မေမြို့ ၁၉×× များဆီ ... ကြိုး ... ]