အပိုင်း ( ၇ )

86 12 1
                                    

Unicode

မနက်ခင်းဈေးထဲတွင် ပုံမှန်ထပ် ပိုပြီး ဆူညံနေခဲ့ကာ အကြောင်းကမူ သတင်းထူး တစ်ခု ရှိနေခဲ့လို့ပင်။

အသစ်တက်မည့် အရေးပိုင်မင်းနှင့် သူဌေးကြီး ဦးဆန်းမြင့် ၏ သမီးကြီး ကျိုင်းစင်မြဝါ တို့ရဲ့ လက်ထပ်ပွဲကြောင့်ပင်။

သူဌေးကြီး၏ သမီး မမလေးကျိုင်းမှာ ဘိလပ်ထံ ပညာတော်သင်သွားသည်ကို အကုန်လုံး သိထားပြီးသာပင်။ ထို့အပြင် ပြန်ရောက်တာပင် တစ်ရက်ပင်မပြည့်ချင်သေး လက်ထပ်မည်ဟု သတင်းလွှင့်လိုက်ကာ ဘယ်လောက်တောင်စောသလဲ ဆိုရင် မဂ်လာပွဲဟာ မနက်ဖြန်ပင် ဖြစ်ပေသည်။

ဘိလပ်မှ ပြန်လာပြီး တစ်ရက်သာခြားကာ လက်ထပ်သည်!!

မနက်ဖြန်မှာ လက်ထပ်ပွဲအပြင် အရေးပိုင်မင်းအသစ်မှ တရား၀င် တာ၀န်လွှဲအပ်မည့် နေ့ဖြစ်ကာ နှစ်ခုပြိုင်လုပ်မည်ပင်။

ရှင်ဘုရင် ခေတ်ကနှင့် နှိုင်းယဉ်ပြောရလျှင် နန်းတက်သည့်အခါ မိဖုရားခေါင်ဖြင့် လတ်ဆတ်ပြီး အတူ ပုလ္လင်ထပ် ထိုင်ကြသလိုနှယ်။

မိလှိုင်ဟာ ၀ယ်စရာရှိတာကို ၀ယ်ပြီး အတင်းအဖျင်းများအား နားစွင့်ကာ စံအိမ်သို့ ပြန်လာခဲ့တော့သည်။

စံအိမ်ကြီးတွင်တော့ အပြင်အဆင်များဖြင့် အလွန်ရှုတ်လို့နေသည်။ သခင်ကြီး၏ စံအိမ်က အလွန်ပင်ကျယ်၀န်းပြီး မြို့မျက်နှာစာကဲ့သို့ အခန်းနားဆုံး ဖြစ်နေရာ မဂ်လာပွဲကိုလဲ စံအိမ်ထံသာ ကျင်းပမည်သာ။

လူတိုင်းက အလုပ်ရှုတ်နေကြပြီး သခင်မကြီး ကိုယ်တိုင်ကိုပင် အလုပ်ရှုတ်လွန်းနေ‌ေပသည်။ မနက်ဖြန်ပင် မဂ်လာပွဲ ဖြစ်တာမို့ အ၀တ်အစားနှင့် အပြင်အဆင်များအတွင် သခင်မကြီးမှာ မအားလပ်ရပါ။

ထို့ကြောင့် ပထမဆုံးအကြိမ်ဖြင့် သခင်ငယ်လေးအတွက် မနက်စာအား မပြင်ပေးနိုင်ခဲ့။ ထို့ကြောင့် မိလှိုင်က ဈေးသို့ အပြေးလာရခြင်းပါ။ အမှန်တွင် သခင်မကြီးက ဒီနေ့နှင့် မနက်ဖြန်အတွက် သူမအား သခင်ငယ်လေးအတွက်သာ အဓိကထား ဂရုစိုက်ခိုင်းထားတာပါ။ ‌

မီးဖိုဆောင်ဆီရောက်သည်နှင့် ဈေးခြင်းအား ချကာ သခင်လေးရှိရာ အပေါ်ထပ်ဆီသို့ သွားဖို့ပြင်ရသည်။

ငါသရဲရှိတဲ့အိမ်ကို အမွေရလိုက်တယ်! { ကြိုး }Where stories live. Discover now