အပိုင်း ( ၃ )

125 17 0
                                    

Unicode

မနက်ခင်းခပ်စောစောမို့ နေပင်မထွက်သေးပေ။ သို့သော်ငြား မကြာမီ ထွက်တော့မှာမို့ ကောင်းကင်က လိ‌မ္မော်ရောင် သမ်းနေကာ စီတန်းနေသော ငှက်ကလေးများကလဲ အုပ်စုလိုက် ဦးတည်ရာဆီ ပျံသန်းနေကြသည်။

ပန်းခြံထဲတွင် ဖြစ်သည်။ လူအများအပြားရှိပြီး သုရာကဲ့သို့ မနက်ခင်း လေ့ကျင့်ခန်း လုပ်ကြသူများ ဖြစ်ပါသည်။

ဤပန်းခြံမှာ အိမ်နှင့် ဝေးပေမယ့် သုရာ ပြိုင်ဘီးလေးဖြင့် အစောကြီးထဲမှ ထွက်လာခဲ့တာ ဖြစ်သည်။ အဖြူအမဲဆက် ထရက်ဆု အား၀တ်ထားကာ အဖြူ‌ပေါ် အမဲမျဉ်းကြောင်းပါသောအားကစားဖိနပ်ဖြင့် သုရာဟာ ပန်းခြံထဲမှ မိန်းမပျိုလေးများ လည်ပြန်ငေးစရာ အာရုံစိုက်မှု တစ်ခု ဖြစ်၍ နေသည်။

ခပ်တိုတို ဆံပင်ကေဖြင့် ယောင်္ကျားလေးအများစုညှပ်သော ဘေးတွင် အပြောင်မဟုတ်ပဲ ရိတ်ထားကာ အလယ်တွင်လဲ တိုစိပ်စိပ် ထောင်ထားသောသာမာန် ဆံပင်မျိုး ဖြစ်ပေမယ့် သုရာထံတွင်ရှိနေသည်မို့ ဆွဲဆောင်မှု ရှိနေစေကာ ဘယ်ဘက်တွင် အဆင်းမျဉ်းနှစ်ကြောင်း ဆွဲထားသည်က သုရာနှင့် အလွန်လိုက်သည်။

ခပ်ပြေပြေ နဖူးပြင်အောက်မှ မဲနက်ပြီး ထူထဲသော မျက်ခုံးတန်းတန်းနှင့် ပုံသွင်းကာ သေချာရိပ်ထားပြီး ဘယ်ဘက် မျက်ခုံးတန်းတွင် အဆင်း နှစ်ကြောင်းက ဆံပင်ပုံစံ ဒီဇိုင်းအတိုင်းနှင့်အတူ ပုံဖော်ထားသည်။

ဘယ်ဘက်နားတွင်ပဲ ခပ်ရှင်းရှင်း နားပေါက်တစ်ခုကို ဖောက်ထားကာ စိန်နားကပ်သေးသေးလေးတစ်ခုအား ၀တ်ထားသည်။

airport အမဲရောင်အား ၀တ်ထားပြီး သီချင်းနားထောင်ကာ မနှေးမမြန်ပြေးနေသည်က ပတ်၀န်းကျင်ကို ဂရုပြုခြင်း မရှိပေ။

အပတ်ရေ လုံလုံလောက်လောက် ပြေးပြီးနောက် စက်ဘီးရပ်ထားရာ စားသောက်ဆီ ပြန်လာကာ ရေတစ်ဘူးအရင်မှာလိုက်ပြီး ခနအမောဖြေနေလိုက်သည်။

သုရာ ဆိုင်ထဲရောက်သည်နှင့် နေလဲ ထွက်လာပြီမို့ အလင်းရောင်သေချာရလာကာ မပူပဲ ခပ်နွေးနွေး ဖြစ်နေသည်။

မနက်စာအတွက် သုရာ ရှမ်းခေါက်ဆွဲနှင့် လက်ဖက်ရည်တစ်ခွက်အား မှာလိုက်ကာ ဖုန်းထုတ်သုံးရင်း မလောပဲ ခပ်အေးအေး စစားခဲ့ပါသည်။

ငါသရဲရှိတဲ့အိမ်ကို အမွေရလိုက်တယ်! { ကြိုး }Where stories live. Discover now