အပိုင်း ( ၁၀ )

109 9 1
                                    

Unicode

တုန်နေသော လက်တို့က နောက်ဆုံးကြယ်သီးအား တပ်ပြီးချိန် ငြိမ်သက်သွားတော့သည်။ မှန်ထဲတွင် ပြန်မြင်ရသည့် ကိုယ့်ပုံကို ကြည့်ရင်း ကြိုး အားငယ်စွာ သက်ပျင်းချသည်။

ဒီရက်တွေထဲ မေမေ မအားတာမို့ မိလှိုင်ကသာ သူ့ကို လာနှိုးရမှာ ဖြစ်ပေမယ့် ရောက်လာတတ်သူက ကိုကိုကြီး ဖြစ်နေခဲ့တာ။

ဘာကြောင့်ရယ်မသိပေမယ့် ကိုကိုကြီး၏ အပြုအမူများအား ကြိုး ကျင့်သားမရလှစွာ မသက်မသာ ဖြစ်ခဲ့ရခြင်းပင်။

ကိုကိုကြီးဟာ သူ့အား နှိုးဖို့လာတိုင်း မနှိုးပဲ ဘေးတွင် ထိုင်ကာ ကြည့်နေတတ်ကာ ထိုအကြည့်စူးစူးများဖြင့် ကြိုးအမြဲ နှိုးလာရပြီး အမြဲ လန့်ခဲ့ရသည်သာ။

ဖော်ရွေသော အပြုံးဖြင့် ကိုကိုကြီးအား သူ့အတွက် သေးသေးလေးမှ အစ ကိုယ်တိုင်လုပ်ပေးတတ်ကာ ရေပင် ချိုးပေးလာခဲ့သည်။

မေမေတောင် ထိုသို့ မလုပ်တော့သည်မို့ ကြိုး လန့်နေမိတာက မမှားပေ။ ထို့ကြောင့် ဒီနေ့တွင် ကြိုး အစောကြီး ထလာပြီး နေ့စဉ် လုပ်နေကြများအား အလောတကြီး လုပ်ကာ ရေလည်း ချိုးပြီး၍ အကျီ ၀တ်ပေးသည်ထိ ဘယ်သူမှ ရောက်မလာသေးတာမို့ သက်ပျင်းသာ ချနိုင်တော့သည်။

စိတ်ဖိစီးမှုကြောင့် မရွှင်ပျသည့် မျက်နှာလေးဖြင့် တံခါးလက်ကိုင်အား လှည့်လိုက်ကာ ဖွင့်လိုက်ချိန်
အခန်းရှေ့တွင် ရပ်နေသည့် အရိပ်ကြောင့် လန့်ဖျတ်သွားတော့သည်။

အလိုလို တုန့်ပြန်မှုက နောက်သို့ ခြေလှမ်းဆုတ်သွားခြင်း ဖြစ်ပြီး မျက်လုံးလေး ဝိုင်းလျက် အခန်းရှေ့မှ ကိုကိုကြီးအား ကြည့်လိုက်မိတော့သည်။

ကိုကိုကြီးက မျက်နှာထားတည်တည် ဖြစ်နေပြီး အခန်းအပြင်မှပင် ကြိုးအား ခြေဆုံးခေါင်းဆုံး ကြည့်သည်။ ထို့နောက်မှ ပြုံးလိုက်ကာ အခန်းထဲ ၀င်လာပြီး အခန်းတံခါးအား ပိတ်လိုက်ကာ လော့ပင်ချလိုက်သေးသည်။

" ကိုယ့်ကို မစောင့်ပဲ ကိုယ့်ဘာသာ ပြင်ဆင်ထားတာပေါ့ "

ကြိုး ကုတင်ခြေရင်းတွင် ရပ်နေတာ ဖြစ်ပြီး အကြည့်တို့က ကြမ်းပြင်ထပ် ‌စိုက်ကပ်သွားသည်။ ပြောရရင် သူအခု ကိုကိုကြီးအား မကြည့်ရဲပေ။

ငါသရဲရှိတဲ့အိမ်ကို အမွေရလိုက်တယ်! { ကြိုး }Where stories live. Discover now