အပိုင်း ( ၄ )

122 14 0
                                    

Unicode

" ဒီတစ်ခေါက်တက်တဲ့ အရေးပိုင်မင်းက ကျုပ်တို့ ဗမာသွေး တစ်၀က် ပါတယ်တဲ့တော့် "

" အို … ဗမာသွေး တစ်၀က်ပါပါ ဘာပါပါ နယ်ချဲ့ဘက်က အမျိုးယုတ်ပဲ မလား၊ ဘာတွေ ဇာချဲ့နေရတာတုန်း မိလှိုင်ရယ် "

" ကျုပ်က သတင်းကို ပြောပြတာပါ ကြီးတော်
ရဲ့၊ ဒါပေမယ့် မျှော်လင့်ချက်လေးတော့ ထားသားတော့်၊ ဗမာသွေးလဲ ပါတော့ အရင် အရေးပိုင်လို ခေါင်းပုံမဖြတ်စေချင်တော့ဘူးတော် "

" တော်! တော်! မိလှိုင် ညည်းတော်တော့ … ဒါမျိုး အတင်းအဖျင်းက ညည်းတို့ ကျုပ်တို့ ပြောနေရမယ့် အရာမျိုး မဟုတ်ဘူး၊ ကိုယ့်အသက်ကို တန်ဖိုးထားပါ မိလှိုင်ရယ်၊ အရေးပိုင် မကလို့ ၀န်ထောက်မင်း ဖြစ်ဖြစ် ကျုပ်တို့လို ကျွန်တွေ ဝေဖန်နေလို့ ရတာမဟုတ်ဘူး၊ ကဲ ကဲ … လုပ်စရာရှိတာလုပ်၊ ဒါနဲ့ မနက်က မှာလိုက်တဲ့ မေမြို့သီးတွေ ပါရဲ့လား၊ ကျုပ်တို့ သခင်ငယ်လေးက အဲ့အသီး တစ်နေ့မှ မစားရရင် စိတ်ကြည်တော့တာ မဟုတ်ဘူး "

" ပါပါတယ် ကြီး‌ေတာ်ရယ်၊ ကျုပ်ဖြင့် ဈေးရောက်တာနဲ့ တခြားဟာ အရင်မ၀ယ်ဘူး၊ သခင်ငယ်လေးအတွက် မေမြို့သီး အရင် ၀ယ်တာပါတော် "

" အေး အေး ၊ ညည်းအသားစိမ်း ငါးစိမ်း မကိုင်သေးနဲ့ဦး၊ အသီးတွေကို အရင် အအေးသတ္တာထဲ ရေသေချာဆေးပြီး ထည့်ထားချေ၊ တော်တော်ကြာ … သခင်ငယ်လေး နှိုးလာတော့မှာမလား "

" ဟုတ်! ဟုတ်! ကြီးတော် ကျုပ်အခု လုပ်လိုက်ပါ့မယ် "

စံအိမ်ကြီး၏ အနောက်ဘက် မနီးမဝေးတွင် သီးသန့်ဆောက်လုပ်ထားသော မီးဖိုဆောင်ဆီမှ တိုးတိုးတိတ်တိတ် အတင်းဖျင်းအသံများမှာ မနက်ခင်းတိုင်း ထွက်ပေါ်နေကြ။

မိလှိုင်ဟူသော ၁၅/၁၆ အရွယ် ကောင်မလေးက ရေစက်လက်ကျနေသည့် မေမြို့သီးများ ထည့်ထားသော ခြင်းအား သေချာကိုင်ကာ စံအိမ်ကြီးဆီ ချဉ်းကပ်လို့လာပေသည်။

စံအိမ်ကြီး၏ နောက်ဖေးအပေါက်မှ လှမ်း၀င်၀င်ခြင်း မြင်ရမည် ဖြစ်သည့် အအေးသတ္တာကြီး၏ ထင်သာမြင်သာ ရှိသော နေရာတွင် မေမြို့သီးများအား သေချာထည့်ကာ အသာ ပြန်ပိတ်လိုက်သည်။

ငါသရဲရှိတဲ့အိမ်ကို အမွေရလိုက်တယ်! { ကြိုး }Where stories live. Discover now