2

199 11 0
                                    

Unicode

ချိုမြိန်ရိပ်မြုံ

အပိုင်း ၂

ယွင်ကျန့်သည် လက်သီးဆုပ်လိုက်ပြီးနောက် အလျင်အမြန် ပြန်ဖြေလျှော့လိုက်သည်။

သူမရှေ့တွင် ရှိနေသောသူမှာ သူမလက်တွဲလုပ်ဆောင်ချင်သောသူဖြစ်ပြီး ထိုသူက ပါးစပ်သယမ်းတတ်သည် ရှိသော်လည်း စိတ်လိုက်မာန်ပါ မလုပ်သင့်ပေ။ သည်းခံဖို့လိုသည်။

ထို့ပြင် ထန်ယီသည် တက်သစ်စ စဖြစ်လာတုန်းကပင် သူမသည် သူ့ကို ပြင်းထန်စွာ အကြိမ်ကြိမ်  ဆူပူကြိမ်းမောင်းဖူးသည်။ သူမသည် စိတ်တိုလာသောအခါ စကားကောင်းကောင်း ပြောမထွက်တတ်သည့်အကျင့်ရှိသည်။ ထိုအရာကို ထန်ယီသိနေသည်။

ယခုတွင်မူ ထန်ယီသည် သူတစ်ပါးကို လှောင်ပြောင်ကျီစယ်တတ်သော လူတစ်ယောက်ဖြစ်နေကာ ထိုအရာကို သူမ ဂရုမစိုက်တော့ပေ။

သူမခန္ဓာကိုယ်ကို ငြိမ်အောင်ထိန်းပြီးသောအခါ သူမသည် ထန်ယီဘေးတွင် ထိုင်လိုက်ပြီး ရှင်းပြခဲ့သည်။ “ကျွန်မ ဆံပင်ချည်ထားတာ အဆင်ပြေပါတယ်”

“အိုး” ထန်ယီသည် သူမစကားကို တကယ်ယုံသွားသကဲ့သို့ ခေါင်းညိမ့်ပြလိုက်သည်။

“ဘယ်သွားမလို့လဲ”

“မင်းနဲ့လမ်းမှာ တွေ့တာက တိုက်ဆိုင်မှုတစ်ခုလို့ ထင်နေတလား” ထန်ယီသည် ယွင်ကျန့်ကို ပြန်မေးလိုက်ပြီး ရယ်မောနေသည်။

ယွင်ကျန့်သည် ထန်ယီပြန်ပြောလိုက်သည်ကို ကြားပြီး အနည်းငယ် စိတ်လှုပ်ရှားသွားသည်ဟု ဝန်ခံရပေမည်။

ထန်ယီ၏ ခန္ဓာကိုယ်သည် ကြံ့ခိုင်သည့်ပုံစံပေါက်ကာ လူဆိုးပုံပေါက်နေသော်လည်း သူ၏ပုံပန်းသွင်ပြင်က တော်တော်ကောင်းသည်ဟု ပြောရမည်။ မိန်းကလေးအရမ်းဆန်သော ကောင်မလေးများတွင် ကောင်လေးများအပေါ် မတူညီသော အကြိုက်ကိုယ်စီ ရှိကြသည်။

သို့သော် အရွယ်ရောက်လာသောအခါ ထိုကောင်မလေးအများစုသည် ခပ်ဆိုးဆိုးပုံစံနှင့် ခပ်မိုက်မိုက်ယောကျ်ားများကိုသာ ကြိုက်တတ်ကြပြီး ထိုယောကျ်ားများသည် ကာကွယ်နိုင်ပြီး သူတို့ဘဝကိုသာ သူတို့အတွက် မြှုပ်နှံထားကြမည့် အမျိုးအစားများပင်ဖြစ်သည်။

ချိုမြိန်ရိပ်မြုံ (ဘာသာပြန်)Where stories live. Discover now