30

61 2 0
                                    

ချိုမြိန်ရိပ်မြုံ

အပိုင်း ၃၀





ထန်ယီသည် ယွင်ကျန့်စကားကို နားထောင်ပြီးနောက် သိပ်မမေးတော့ပဲ ခေါင်းညိမ့်ပြကာ သူသိကြောင်း လုပ်ပြလိုက်သည်။

အနုပညာနယ်ပယ်မှာ ပြောပြ၍မရနိုင်သောအရာများစွာရှိပေမယ့် စဉ်းစားကြည့်လျှင် နားလည်နိုင်သည်။ ယွင်ကျန့်ပြောပုံအရ ဟယ်ယီရှားက ထင်သလောက် မရိုးရှင်းကြောင်း ထင်ရှားနေသည်။

“ကြည့်ရတာ ဒီကောင်တော့ အသည်းကွဲရတော့မယ့်ပုံပဲ” ထန်ယီ သက်ပြင်းချလိုက်သည်။

နီဇွန်က လူချောတစ်ယောက်ပါ။ သူ့လိုလူမျိုး ဘယ်မှာမှမတွေ့ဖူးဘူး။ Gym သွားလိုက်ရင် သူ့WeChatကို လိုချင်တဲ့ ကောင်မလေးအုပ်စုလိုက်ကို ရှိနေမှာ” ယွင်ကျန့်က စကားပြောရင်း ထမင်းစားနေသည်၊ သူမအသံက အလွန်ဝိုးတဝါးဖြစ်နေသော်လည်း သူမပြောချင်သည့် အဓိပ္ပါယ်ကလည်း လေးနက်နေသည်။

နီဇွန်က အလွန်ရုပ်ချောသည်ဟု သူမတကယ်ထင်နေသည်။

“မင်း ဘာလို့ အဲ့လိုတွေးတာလဲ”

“မသိရင် သူက ကျွန်မအကြိုက်ပုံစံကြီးလိုပဲ... ဟီးဟီး”

ထန်ယီက ထမင်းမစားတော့ပဲ ခေါင်းကိုလှည့်ပြီး ယွင်ကျန့်ကို တစ်ချက်စိုက်ကြည့်ကာ မေးလိုက်သည်။ “မင်း အရွယ်စုံစားချင်နေတာမလား၊ လူအို၊ လူလတ်၊ လူငယ် မျိုးဆက်သုံးဆက်လုံးက ယောကျ်ားတွေအကုန်လုံးကို”

“ဟေး!” ယွင်ကျန့်လည်း တူများကို ချလိုက်ပြီး ထန်ယီကို မကျေမနပ်နှင့် ကြည့်နေပြီး “ဘယ်လိုဖြစ်ပြီး ဒီလိုပြောရက်တာလဲ။ အဲ့လိုသာအရွယ်စုံစားချင်နေရင် ဒီနေ့အထိ တစ်ကိုယ်တည်းနေနေမလား”

“ပထမတော့ ဦးလေးလိုပုံစံကို ကြိုက်တယ်၊ ပြီးတော့ ဗလတောင့်တောင့် ယောက်ျား။ နောက်ရော ဘာကြိုက်သေးလဲ၊ လင်းဇီရင်လို နွေးထွေးတတ်တဲ့ယောက်ျားရောလား”

ယွင်ကျန့်က ထန်ယီကို တစ်ချက် လှည့်ကြည့်ပြီး “အခုတော့ ကောင်ဆိုးလေးပုံစံမျိုးကို ကြိုက်မိနေတယ်!”

ချိုမြိန်ရိပ်မြုံ (ဘာသာပြန်)Where stories live. Discover now