6 / 7 / 8 (Uni)

134 11 0
                                    

ချိုမြိန်ရိပ်မြုံ

အပိုင်း ၆

ယွင်ကျန့်သည် အသက်ပြင်းပြင်းရှူပြီးနောက် ဇာတ်ညွှန်းကိုကောက်ယူပြီး ထန်ယီကို မေးလိုက်သည်။ “ရှင်သရုပ်ဆောင်ရမဲ့ ဇာတ်ကောင်အကြောင်း စာဖတ်ပြတာက အသုံးဝင်လို့လား”

“ဘာပဲဖြစ်ဖြစ်၊ ဇာတ်ညွှန်းစာအုပ်ပေါ်မှာရှိတဲ့ ခေါင်းစဉ်ကနေ စဖတ်”  ထန်ယီက ထိုသို့ပြန်ဖြေပြီးသောအခါ သူသည် ဂိမ်းကို စကစားနေပြီဖြစ်ပြီး စခရင်ကို လက်ချောင်းဖြင့် အမြန်နှိပ်လိုက်သည်။

ဖုန်းရွှေအလှည့်သည် တစ်ဖန်ပြန်လည်လာခဲ့သည်။ ဟယ်ဒုံတွင် အနှစ်၃၀နှင့် ဟယ်ရှီတွင် အနှစ်၃၀ လှည့်ပတ်သည်။

ဟိုအရင်ချိန်တုန်းက ထန်ယီသည် လူသစ်တစ်ဦးဖြစ်ပြီး ဝါရင့်အော်ပရာကပြသူများနှင့် အပြိုင်သရုပ်ဆောင်ရသောအခါ တစ်ဖက်ပြိုင်ဖက်၏ အရောင်အဝါဖြင့် လုံးဝဖိနှိပ်ခံခဲ့ရသည်။

ပရက်ရှာများလွန်းသည့်အတွက် စိတ်လှုပ်ရှားလွယ်ခဲ့သည်။ သူသည် ပြောရမည့်စာကြောင်းများကို အကြိမ်ပေါင်းများစွာ မေ့သွားခဲ့ပြီး တစ်ဖက်လူက ထိုစာကြောင်းများကို ပြောပြီးသွားသောအခါ သူသည် ဘယ်ကနေစပြောရမှန်း မသိဖြစ်နေတတ်သည်။

ယွင်ကျန့်သည် ဒေါသအရမ်းထွက်သွားပြီး နားကြပ်ကိုပစ်ချကာ လူအများရှေ့ ရိုက်ကူးရေးနေရာကို လျှောက်လာခဲ့သည်။ သူမသည် ထန်ယီကို ဆွဲခေါ်သွားပြီး လျှောက်လာရင်း ကျိန်ဆဲနေသည်။

“မင်းအထဲဝင်ပြီး ဇာတ်ညွှန်းတွေကို အလွတ်ကျက်၊ ခေါင်းစဉ်ကနေစကျက် ဇာတ်လိုက်ပဲဖြစ်ဖြစ် ဇာတ်ပို့ပဲဖြစ်ဖြစ် ဇာတ်လမ်းဇာတ်ကွက်အကုန်လုံး ငါ့ကို ပြန်ပြောပြ၊ ဒါဟာတောင် ကောင်းကောင်းမလုပ်နိုင်ရင် မင်းက ဘယ်ဇာတ်ဝင်ခန်းတွေကို သွားရိုက်မှာလဲ!”

ယွင်ကျန့်သည် ထန်ယီကို အဝတ်အစားလဲခန်းတွင် သော့ခတ်ထားခဲ့ပြီး နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ မည်သူကိုမှ သူ့အား အစားအသောက်များ ပေးပို့ခွင့်မပြုခဲ့ပေ။

ထိုနေ့အတွက် ရိုက်ကူးရေးပြီးသွားသောအခါ ယွင်ကျန့်သည် ထိုအခန်းတွင် ထန်ယီကိုလာတွေ့ပြီး သူ့ဘေးတွင် ငုတ်တုတ်ထိုင်ကာ “ဘယ်လိုလဲ၊ အဲ့ဒါဘယ်မှာလဲ” ဟုမေးလိုက်သည်။

ချိုမြိန်ရိပ်မြုံ (ဘာသာပြန်)Where stories live. Discover now