29

37 4 0
                                    

ချိုမြိန်ရိပ်မြုံ

အပိုင်း ၂၉



ယွင့်ကျန့်သည် လင်းဇီရင်ကို ဟိုးအရင်ကတည်းက သိနေသည်။

အစောပိုင်းကာလ၌ ယွင်ကျန့်သည် လင်းဇီရင်ကို ရှာတွေ့ခဲ့ခြင်း မဟုတ်ပေ။

သို့သော်လည်း လင်းဇီရင်သည် သူ့အသွင်အပြင်မှာ ထူးထူးခြားခြား မဟုတ်သောကြောင့် တစ်နှစ်ပတ်လုံး ဇာတ်ပို့သရုပ်ဆောင်အဖြစ် အမြဲရပ်တည်နေခဲ့ရသည်။

ယွင်ကျန့်သည် လင်းဇီရင်ကို ပဉ္စမနှင့် ဆဌမမြောက် အမျိုးသားဇာတ်ကောင်များအတွက် သရုပ်ဆောင်ခိုင်းရန် အချိန်အတော်ကြာ စဉ်းစားခဲ့ပြီးနောက် သူ့ကို ဒုတိယအမျိုးသားဇာတ်ဆောင်အဖြစ် စာချုပ်မှာ လက်မှတ်ရေးထိုးစေခဲ့သည်။ လင်းဇီရင်သည် မယုံနိုင်ဖြစ်ကာ အဆုံးတွင် ထိုဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့သည်။

ဤအခွင့်အရေးကို အမိအရမဆုပ်ကိုင်မိလျှင် မိုက်မဲရာကျပေလိမ့်မည်။

ဒါဟာ အန္တရာယ်များသော ဆုံးဖြတ်ချက်တစ်ခုဆိုသည်မှာ အသေအချာပင်။

တီဗွီစီးရီးမှာ ဒုတိယအမျိုးသား ဇာတ်ဆောင်ကို တခြားဇာတ်ကောင်များ၏ ချစ်ခြင်းကို ခံရသည်ဟု လူတော်တော်များများ သိထားကြသည်။

လူတော်တော်များများမှာ ဤသို့အသိစိတ်ရှိပုံရသည်၊ ဆိုလိုသည်မှာ အမျိုးသားဇာတ်ဆောင်က အမျိုးသမီးဇာတ်ဆောင်နှင့်ဖြစ်ပြီး ဒုတိယ အမျိုးသားဇာတ်ဆောင်ကတော့ လူတိုင်း၏ ဆွဲဆောင်မှုအရှိဆုံး အခန်းကဏ္ဍဖြစ်သည်။ သို့သော် လင်းဇီရင်က လူတွေမေ့သွားနိုင်သော မျက်နှာမျိုးနှင့် ထိုကဲ့သို့ သရုပ်ဆောင်မျိုး မဟုတ်ပေ။ တကယ်တော့ သူက ဒုတိယအမျိုးသားသရုပ်ဆောင်အဖြစ် ဒီအတိုင်း သရုပ်ဆောင်ရမည်သာ ဖြစ်သည်။

ထို့ကြောင့် ထိုဒရာမာ၏ သရုပ်ဆောင်များသတင်းများ စတင်ထွက်ပေါ်ချိန်တွင် လင်းဇီရင်၏ ကျောထောက်နောက်ခံမှာ အလွန်အင်အားကောင်းသည်ဟု လူအများက ခန့်မှန်းမိခဲ့ကြသည်။

လင်းဇီရင်သည် ဟယ်ယီရှားကဲ့သို့ပင် ဘာကျောထောက်နောက်ခံမှ မရှိ၊ အားလုံးက သူ့အလိုလို ဖြစ်လာခြင်းသာ ဖြစ်သည်။

ချိုမြိန်ရိပ်မြုံ (ဘာသာပြန်)Where stories live. Discover now