20

63 4 0
                                    

ချိုမြိန်ရိပ်မြုံ

အပိုင်း ၂၀



ယွင်ကျန့်သည် စိတ်လှုပ်ရှားလွန်း၍ ပါးစပ်ကို အကြာကြီးအုပ်ထားပြီး စကားမပြောပဲနေနေသဖြင့် ထန်ယီက သူမမှာ ထူးဆန်းနေသလို ခံစားလိုက်ရပြီး “မင်းဘာလို့ စကားမပြောတော့တာလဲ” ဟု မေးလိုက်သည်။

“ဘာမှမဖြစ်ပါဘူး၊ အဲ့ဒါက ရှင့်အပေါ်မှာပဲ မူတည်တယ်”

ထန်ယီက ရယ်မောလိုက်ပြီး သူ့အပြုံးက ချိုမြိန်လွန်း၍ ယွင်ကျန့်မှာ လည်ချောင်း နာကျင်သလိုဖြစ်လာသည်။
“ဒီမှာ ကြည့်ကြည့်” ထန်ယီသည် ယွင်ကျန့်က သူ့ကိုကြည့်နေသည်ကို အထူးနှစ်သက်နေပုံရပြီး “ငါလည်း မင်းကို ကြည့်ပါရစေ၊ လွမ်းတယ်ကွာ၊ မင်းကို မြင်ပြီးတာနဲ့ ဒီညအိပ်လို့ရပြီ”

“ရှင်အရင်က အဲ့လိုမျိုး မဟုတ်ပါဘူး” ယွင်ကျန့်က ကင်မရာကို လှည့်ပြီး ဗီဒီယိုထဲမှာ သူမကိုယ်သူမ ကြည့်နေရင်းနှင့် သူမပုံမှာ အမှန်တကယ် မျက်တွင်းများ ချောင်နေပြီး ဒီရက်ပိုင်း သူမတကယ် ပင်ပန်းနေကြောင်း တွေ့နေရသည်။

ထန်ယီသည် ဖုန်းကို စိုက်ကြည့်ရင်း သူ့မျက်လုံးများသည် အထူးညင်သာစွာဖြင့် ခေါင်းအုံးကို ပွေ့ဖက်ကာ နွေဦးအလင်းရောင်ကို တားဆီးလိုက်ရာ ယွင်ကျန့်မျက်နှာလေးကို ကြည့်ရင်း နစ်မြောသွားသလို တစ်ခဏတာ ခံစားလိုက်ရသည်။

“အရင်ကနဲ့ မတူဘူး!” ထန်ယီသည် ထိုသို့ပြောပြီး ကင်မရာပေါ်သို့ နမ်းလိုက်သည်။

ယွင်ကျန့်သည် သူမမှာ ထိုအခိုက်အတန့်ကို မမျှော်မှန်းထားသဖြင့် မလှုပ်မယှက်နိုင်ဖြစ်ကာ ယခုခေတ် ယောက်ျားလေးများက တကယ်ကို ကြောက်စရာကောင်းသည်ဟု စိတ်ထဲကနေ သက်ပြင်းချကာ ကောင်မလေးတစ်ယောက်ပြီးတစ်ယောက်ကို ဘယ်လိုတောင် ကြွေသွားအောင် လုပ်နေတာလဲဟု တွေးနေမိသည်။

“ရှင် တွေ့ပြီးပြီမလား အဲ့တော့အိပ်လို့ရပြီမလား” ယွင်ကျန့်က မေးလိုက်သည်။

“အိပ်မပျော်နိုင်ပါဘူး။ အိမ်မက်ထဲကိုသာ လာခဲ့” ထန်ယီက လူဆိုးလေးလို စတင်ပလေးလိုက်သည်။

ချိုမြိန်ရိပ်မြုံ (ဘာသာပြန်)Where stories live. Discover now