ချိုမြိန်ရိပ်မြုံ
အပိုင်း ၂၈
ယွင်ကျန့်သည် လူတစ်ယောက်ကို သူမဖက်ကအရင်စနမ်းမည့် ပထမဆုံးအကြိမ်ဖြစ်သောကြောင့် သူမမှာ အလွန်ကျွမ်းကျင်နေသည် မဟုတ်ပေ။
သူမသည် ထန်ယီနှုတ်ခမ်းကိုထိကြည့်လိုက်ကာ ပြန်ခွာလိုက်ပြီးနောက် ထန်ယီကို အေးအေးဆေးဆေးကြည့်နေပြီး သူကြိုက်မကြိုက်ကို သေချာစွာသိရန်အတွက် သူ့အမူအရာကို စောင့်ကြည့်လိုက်သေးသည်။
သူတို့နှစ်ယောက်သည် မျက်နှာချင်းဆိုင် အကြည့်ချင်းဆုံသွားပြီးနောက် ထန်ယီက မငြင်းပဲ သူမကိုကြည့်ရင်း သူ့အကြည့်မှာ စွဲငြိသွားစေသည်။
ကားထဲကနေရာသည် ကျဉ်းလွန်းနေပြီး တံခါးကိုလည်း ပြန်မဖွင့်ထားသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သောကြောင့် ကားထဲတွင် ငြီးငွေ့လာကာ သူမခန္ဓာကိုယ်ကို ပူလာစေသည်။
သူမသည် ထန်ယီ၏ ဒူးနှစ်ဖက်ပေါ် သူမ၏လက်များဖြင့် ဆုပ်ကိုင်ထားပြီး နောက်တစ်ကြိမ် အနားသို့တိုးလာကာ ထန်ယီကို နမ်းလိုက်သည်။
သူမဟာ နမ်းသည့်နေရာမှာ မကျွမ်းကျင်သောကြောင့် နှုတ်ခမ်းချင်း ထိရုံလောက်သာ နမ်းနိုင်လေသည်။
မကျွမ်းကျင်သော သူတို့နှစ်ယောက်သည် အချင်းချင်း လေ့ကျင့်ပေးနေကြသည်။ ဤတစ်ကြိမ်တွင် ယွင်ကျန့်သည် ထန်ယီ၏ နှုတ်ခမ်းများကို ဖွဖွနမ်းရန် ကြိုးစားပြီး သူ့နှုတ်ခမ်းများကို ညင်သာစွာ ထိလိုက်သည်။
ထန်ယီက မငြင်းပေ။အကယ်၍ ထန်ယီသာ ဤအနမ်းကို ငြင်းဆန်လိုပါက ယွင်ကျန့်၏ ခန္ဓာကိုယ်ကို လုံးဝမဆုပ်ကိုင်ထားတော့ပဲ ချက်ခြင်း တွန်းထုတ်လိမ့်မည်။
သို့သော် ထန်ယီသည် ထိုသို့မလုပ်ခဲ့ပဲ ယွင်ကျန့်၏ ရမ္မက်ကို ကြိုဆိုဖို့ သူ့နှုတ်ခမ်းကို လိမ္မာစွာဖြင့် ဖွင့်ဟပေးလိုက်သည်။
သူ့မျက်လုံးများကိုမှိတ်ထားပြီး ခံစားချက်အစစ်အမှန်ကို ထပ်ပြီးထုတ်မပြတော့ချေ။
ယောက်ျားနှင့်မိန်းမကြား ဆက်ဆံရေး၏ ခံစားချက်များမှ ဖြစ်ပေါ်လာသော အနမ်းတစ်ပွင့်ကို ပထမဆုံးမြင်ဖူးသည့်အချိန်၌ ယွင်ကျန့်သည် နူးညံ့သိမ်မွေ့သော လှုပ်ရှားမှုများဖြင့် ဂရုတစိုက် နမ်းပေးနေသည်၊ သူမနှလုံးသားထဲတွင် မြတ်နိုးမှုနှင့် စိုးရိမ်ပူပန်မှုတို့ကို ပြသနေသည်။ သူမသည် အသက်မှန်မှန်တောင် မရှူနိုင်ဖြစ်ကာ အသက်ရှုဖို့ မေ့သွားလောက်သည်တိုင် စိတ်အလွန်လှုပ်ရှားနေခဲ့သည်။
YOU ARE READING
ချိုမြိန်ရိပ်မြုံ (ဘာသာပြန်)
RomanceUnicode ပဲတင်ပါတတာ့မယ် zawgyi လည်း ဖတ်မယ့်သူမရှိတော့ တစ်လ 6 ပိုင်း Name - Giving You a Little Sweetness Type - web novel Genre - Comedy Romance Tags - Acting Beautiful Female Lead Celebrities Female Protagonist Handsome Male Lead Modern Day Showbi...