16

73 8 0
                                    

Unicode

ချိုမြိန်ရိပ်မြုံ

အပိုင်း ၁၆

တုရှန့်ယန်၏ ဒရာမာဟောင်းကြီးသည် ထန်ယီကဲ့သို့သော လူငယ်အနုပညာရှင်များနှင့် ကွဲပြားသည်။
ထန်ယီနှင့် အခြားသူများသည် အချိန်ပိုလုပ်ကြပြီး အလုပ်များကာ အသက်ကို လောင်ကျွမ်းလုနီးပါးဖြစ်၍ ခဏတာ မရပ်နားနိုင်ဖြစ်ရသည့်အချက်ကို အခွင့်ကောင်းယူကြသည်။

သူတို့၏ အခြေခံအုတ်မြစ်က မတည်ငြိမ်ချေ။ ကောင်းကောင်း ဆက်မလုပ်နိုင်လျှင် သူတို့ တကယ် ပင်ပန်းရမည်ဖြစ်ပြီး လူများက သူတို့ကိုပြန်မှတ်မိဖို့ ခက်လိမ့်မယ်။

တုရှန့်ယန်က ထိုသို့မဟုတ်ပေ။

သူ့မှာ သူ့ကိုယ်ပိုင်အလုပ်နှင့် နှစ်ကြိမ်တိုင်တိုင် သရုပ်ဆောင်ဖြစ်လာခဲ့ပြီး အခုချိန်မှာတော့ ဇာတ်ညွှန်းများကို အများကြီးလက်ခံတော့ပဲ သင့်တင့်ကောင်းမွန်သောဇာတ်ညွှန်းများကိုသာ ရွေးချယ်လက်ခံခဲ့သည်။ သူ၏အလုပ်မှာ ကြော်ငြာရိုက်ကူးခြင်း၊ Reality Show ရိုက်ကူးခြင်းနှင့် တခြားအလုပ်များဖြစ်ပြီး ထန်ယီထက် အားလပ်ချိန်များ အများကြီး ပိုင်ဆိုင်ထားလေသည်။

ဤကာလအတောအတွင်း တုရှန့်ယန်သည် အလွန်ပျင်းရိပြီး ဘာမှလုပ်စရာမရှိပေ။ သူ့လက်ထဲမှာ ဇာတ်ညွှန်းတစ်ခု ရှိပြီး Reality Show ပြီးဆုံးချိန်မှာတော့ စတင်လုပ်ရမည့်အလုပ်များမှာ အရမ်းများနေလိမ့်မယ်။ သူသည် ဤဇာတ်ကားအတွက် ပြင်ဆင်ချိန် တစ်နှစ်ခွဲကျော်ကြာခဲ့သည်။

ယနေ့တွင် ထန်ယီက တုရှန့်ယန်ကို ညစာစားဖို့ ဖိတ်ထားသည်။ သီးသန့်ခန်းထဲ ရောက်လာသည်နှင့် ယွင်ကျန့်နှင့် ထန်ယီတို့မှာ အခန်းထဲမှာ နှစ်ယောက်တည်း ရှိနေသည်ကို မြင်တွေ့လိုက်ရပြီး အားလုံးကို နားလည်သွားသလို ရယ်လိုက်သည်။

ယွင်ကျန့်သည် တုရှန့်ယန်ကို အလွန်လေးစားသဘောကျခဲ့ပြီး သူရောက်လာသည်ကိုမြင်သောအခါ နှုတ်ဆက်ရန် ချက်ချင်းထကာ ယဉ်ကျေးသောစကားအသုံးအနှုန်းများဖြင့် ပြောခဲ့သည်။ တုရှန့်ယန်က ထန်ယီ၏ နံဘေးကို လာပြီး “ဘာလို့လဲ၊ မိဘတွေ့ဆုံပွဲလား”

ချိုမြိန်ရိပ်မြုံ (ဘာသာပြန်)Where stories live. Discover now